အပိုင်း 4

7.1K 414 8
                                    

Unicode

  ရှောင်ကျန့်က ပိုင်သခင်မလေးနှင့် တပူးတွဲတွဲဖြင့် နေရာတိုင်းလိုလိုတွေ့နေရသည်။ပိုင်သခင်မလေးနှင့် ရှောင်ကျန့်မှာ အကြံကိုယ်စီဖြင့် တွက်ချက်နေကြသော်လည်း အများအမြင်တွင်မူ ‌ရှောင်ကျန့်သည် ယောက်ျားလေးတွေကို မကြိုက်တော့ဘဲ ဘက်ပြောင်းသွားပြီးဟု ကောလဟာလထွက်သွားရ၏။
   ဒါကို ရှောင်ကျန့်ဂရုမစိုက်ပါ သူတို့ အတင်းအဖျင်းကဘာလုပ်ရမှာလဲ အရေးကြီးတာက ဇာတ်လိုက်ကို ပိုင်သခင်မလေး‌လက်ထဲ ထည့်ပေးလိုက်ဖို့ဘဲ။ဒါမှ ငါလေးစိတ်ချမ်းချမ်းသာသာနဲ့ ဘ၀ကြီးကို လေဟုန်စီးပြီ လက်ဖျားငွေသီးနေမှာလေ...ဟ..ဟ။

  "သခင်ကြီး...ဒါက အလုပ်ဖြစ်ပါ့မလား"

"ပူမနေနဲ့..ဘယ်သူက ကိုယ့်ကို ချစ်နေတဲ့မိန်းကလေးက တစ်ခြားကောင်လေးကိုပြောင်းကြိုက်သွားတာကို ဘယ်ကောင်လေးမှ လက်မခံနိုင်ဘူး"

"ဒါဆို သခင်ကြီးလည်း...ရှိခဲ့ဖူးတယ်ပေါ့"

  ကိုယ့်ရှူး ကိုယ်ပြန်ပတ်ခံရသလို ဖြစ်သွားရသည်။crushဆိုတဲ့ အမျိုးကလေ ချေလိုက်တာကို သူတို့အ‌ပေါ် မိုးပြို ကျလာရင်တောင် အတင်းတောင့်ခံနေမဲ့ လူစားတွေ ဟူးးး...။

  "မရှိပါဘူး...ကောင်မလေးတစ်ယောက်က ...ကြိုက်ခဲ့ဖူးတယ်ဆိုရုံပါ"

"အော်.....ဘာလို့ကူညီပေးတာလဲ...အလကားတော့မဖြစ်နိုင်ဘူးထင်တယ်"

"အလကားတော့ဘယ်ဟုတ်မလဲ..."

"အင်း...ဆက်ပြော"

"၀မ်သခင်လေးကို...အပြီးခေါ်သွားနိုင်ရင်ကိုဘဲ...တန်းဖိုးမဖြတ်နိုင်တာဘဲလေ"

  ဟုတ်တယ်...ငါရဲ့သေမင်းကို အမြန်သာ မ သွားကြပါတော့။ဘုရင့်ဆီခဏခဏ သွားတောင်းရင် အကြောင်းပြချက်ကရှာရအုံးမယ်။ဒတ်ကျ နှက်ကျ ပြောနိုင်မှလေ မဟုတ်ရင် လည်းပင်ပေါ် ဓားက အဆင့်သင့်ရောက်နေမှာ။

    ရိပေါ်ကို အဝေးကနေ လှမ်းမြင်လိုက်တာကြောင့် ရှောင်ကျန့် ပိုင်ချင်းချင်း အင်္ကျီကို တစ်ချက်ဆွဲကာ မျက်လုံးဖြင့် အချက်ပြရသည်။ထိုအခါမှ

"အား........."

"ဘာဖြစ်တာလဲ...ချင်းချင်း..."

"မျက်လုံးထဲ ဘာကောင်၀င်သွားတာမှန်းမသိဘူး"

ဇာတ်လိုက်ကို ကွာရှင်းမယ် {Complete ✓ }Where stories live. Discover now