အပိုင်း 11

5.6K 350 9
                                    

Unicode

"အ..အလေး..ဘယ်ကနေဘယ်လိုရောက်...ဝေ့..လူကို ဘယ်ခေါ်သွားနေတာလဲ...လွှတ်..!!."

   ရွင်ဖုန်း အပျော်မယ်ဂေဟာကို စုံစမ်းရန် ၀င်လာခဲ့သည်။အနီးနားကို လှည့် ပတ်ကြည့်တော့ ရှောင်သခင်ကြီးကို ‌တွေ့လိုက်ရတာကြောင့် ဒေါင့်အကွယ်တနေရာကနေ စောင့်ကြည့်နေသည်။ရှောင်ကျန့် ကပန်းမိန်ပျိုနဲ့ ပျော်ပါးမယ်ဆိုတာသိတော့ အမြန်သွားကာ ဆွဲခေါ်လာခဲ့သည်။ဘာလို့ ဆွဲခေါ်လာလဲဆိုတာရှင်းပါတယ်...သောက်မြင်ကပ်လို့။

  "အ..အလေး...ငါ့ကို လွှတ်ပေးတော့!!.."

"ဟန့်...."

"ဝေ့..ကြားလား...နားများမကြားတာလားမသိဘူး..ဝေ့....အအလေး!!"

"......"

  လက်ကို အတင်းဆွဲခေါ်လာ‌တာကြောင့် ရှောင်ကျန့်လက်ဟာ ရဲနေတော့သည်။သူသွားတဲ့နောက်ကို တရွတ်တိုက် မပါသွားရုံတမယ် လိုက်လာရသည်။ဘယ်နေရာ‌တွေသွားနေသလဲဆိုတာကို ရှောင်ကျန့် မမှတ်မိတော့ပါ။ခဏအကြာ အအလေးက ရပ်ပြီး

"ဘာလို့ခေါ်လာတာလဲ...မဟုတ်ဘူးလေ...ငါ့ကို အဲ့လို မပွေ့နဲ့!!...ဘောဘဲ..!!"

  ထပ်ပြီး မင်းသမီး ပွေ့နည်းပွေ့ခံလိုက်ရတာကြောင့် ရှောင်ကျန့် ပါးစပ်မှ အစပ်မပျက် အဆဲစကားများကို စက်သေနတ်ပြစ်သလို တရစပ် ထွက်ကြလာ၏။ခန္ဓာကိုယ်ဟာ ဘယ်လိုမှ လှုပ်လို့မရ ပြုတ်မကျအောင်သာ
ထိန်းလိုက်ခဲ့ရသည်။လည်ပင်းတော့ မဖတ်ချင်ပါ ။

  "တောက်!!"

ရွင်ဖုန်းနောက်ကျောဘက်ဆီမှ တောက်ခေါက်သံကြောင့်အမြန်လှည့်ကြည့်တော့ ၀မ်ရိပေါ်ကို တွေ့လိုက်ရသည်။လှောင်ပြုံးတစ်ချက်ပြုံးကာ ရင်ခွင်ထဲက ရှောင်သခင်ကြီးကို တစ်ချက် ငုံ့မိုးကြည့်လိုက်သည်။မျက်နှာ လွှဲသွားတာကို ၀မ်ရိပေါ် မမြင်သော်လည်း ရိပေါ်ရှု့ထောင့်ကကြည့်လျှင့် နမ်းနေသလို ဖြစ်နေ၏။၀မ်ရိပေါ် ဓါးကို ကျစ်ကျစ်ပါအောင်စုတ်ကိုင်ထားတာကို တွေ့ဝောာ့ ရွင်ဖုန်း အပေါ်ကို ပြန်မော့ကာ မျက်နှာကို အတတ်နိုင်ဆုံးဟန်ချီးပြီ

"ရှောင်သခင်ကြီးက..အကြိုက်ပြောင်းသွားပြီးထင်တယ်...နုနုယွယွလေးတွေမကြိုက်လောက်တော့ဘူး..အခုလိုလေးလုပ်လိုက်ရတော့ ပျော်စရာကောင်းသွားတယ်ထင်တယ်"

ဇာတ်လိုက်ကို ကွာရှင်းမယ် {Complete ✓ }Where stories live. Discover now