အပိုင်း ( ၂ )

7.3K 711 19
                                    

"ဘယ်လို"

"ဟာ...ဦးခန့်ကလည်း ကျွန်​တော်ပြောတာ နှစ် ခါ ရှိပြီ...ကိုပိုင်က နောက်နေ့ ဦးခန့်ကိုယ်တိုင် ပန်း လာမပေးရင် မယူတော့ပါဘူးတဲ့ဆိုဗျာ"

ကိုယ်တိုင် မပေးရဲလို့ တူဖြစ်သူကို လူမိုက်ငှားထားခါမှ ပိုင်ပိုင်က သူကိုယ်တိုင် လာမပေးရင် မယူတော့ဘူး ဆိုပါ့လား။

၃နှစ်လောက် ကျိတ်ချစ်လာတာတောင် ဘယ်လို ဘယ်ပုံ ပိုးရမည် မသိလို့ ခန့်ဇော် ကြံရာ မရတဲ့အဆုံး အမေတို့နဲ့ နားဖောက်စေခဲ့တာ ဖြစ်သည်။

မိန်းမပိုးနည်းတွေတော့ ကြားဖူးပေမယ့် ယောက်ျားပိုးနည်းတော့ သူ တကယ်ကို မသိရိုးအမှန်။

ပိုင်ပိုင်က စျေးနေ့တွေဆိုရင် ပန်းတွေ ဝယ်တတ်တာမို့ သူ အိမ်မှာ စိုက်ထားတဲ့ ပန်းတွေကိုပေးချင်စိတ်ဖြစ်ပြီး တာတူးနဲ့ပို့ခိုင်းရခြင်း။

"ခန့်ဇော်"

"ဗျား အမေ"

"သားကိုယ်တိုင် သွားပေးတာ ပိုကောင်းတယ်လေ...ပိုင်ပိုင့်ကြည့်ရတာ သားကို အနီးကပ် လေ့လာ အကဲခတ်ချင်ပုံပဲ...သူကိုယ်တိုင်လည်း ယောက်ျား တစ်ယောက်ဖြစ်လျက်နဲ့ သားကို ပိုးပန်းခွင့်ပေးတာဟာ ကောင်လေးမယ် သဘောထား ကြီးလှပါပြီကွယ်"

"ဟုတ်ကဲ့ အမေ ...ကျွန်တော် နားလည်ပါတယ်"

သူ ပိုင်ပိုင့်ကို နှစ်သက်မြတ်နိုးနေကြောင်း သူ့မိဘတွေဆီ သတ္တိရှိရှိ ဝန်ခံရဲခဲ့ပေမယ့် ပိုင်ပိုင့်ရှေ့ သွားဖို့ကျ လုံလောက်တဲ့ အားအင် ရှိမနေ။

ပိုင်ပိုင်က သူနဲ့ကျောင်းနေဘက် ဝေလှိုင့် မောင်မို့ သူ့ထက် ၅ နှစ်ပိုပိုလောက် ငယ်သည့်တိုင် သူ ပိုင်ပိုင့်ကို လေးလေးစားစား ချစ်ခင်စိတ် ဖြစ်ရသည်။

ပိုင်ပိုင် သူ့အနားရောက်လာတိုင်း ခန့်ဇော်ရဲ့ ရင်ခုန်နှုန်းတွေ မြန်ရပြီး ပိုင်ပိုင့်ကို မြတ်နိုးရခြင်းတွေကလည်း ရင်ခွင်နှင့်အပြည့်ရယ်ပါ။

သို့ပေမယ့် သူ ပိုင်ပိုင်နှင့် ၁၀စက္ကန့်ကြာအောင်ပင် အကြည့်ချင်း မဆုံနိုင်ဘဲ ပိုင်ပိုင့်ရဲ့မျက်ဝန်းလှလှတွေထဲ ကျရှုံးရသည်ချည်းသာ။

"ခန့်ဇော်ရဲ့ပိုင်"Where stories live. Discover now