အပိုင်း ( ၂၀ )

5.1K 563 22
                                    

ခန့်ဇော် အိမ်ကို ပြန်ရောက်ချိန်က အတော်လေး မှောင်နေခဲ့ပြီ။ ခြံဝန်းထဲကို ဆိုင်ကယ်မောင်းဝင်သွားလိုက်တာနဲ့
အိမ်ရှေ့တွင် လမ်းထွက်လျှောက်နေသော ပိုင်ပိုင့်ကို တွေ့လိုက်ရ၏။

"အေးကအေးနဲ့ပိုင်ပိုင်ရယ်...ကိုယ့်ကိုစောင့်နေတာလား"

"မဟုတ်ပါဘူးနော်...ကိုယ့်ဘာသာ လမ်းလျှောက်နေတာ"

ခန့်ဇော် ပြုံးပြုံးကြီး ဆိုင်ကယ်ပေါ်မှ ဆင်းလိုက်ပြီး ပိုင်ပိုင့်အနားသို့ တိုးကပ်သွားတော့ ပိုင်ပိုင်က ရှောင်ထွက်ဖို့ဟန်ပြင်ပေမယ့် သူ ပိုင်ပိုင့်ရဲ့လက်ကလေးတစ်ဖက်ကို လှစ်ကနဲ ဆွဲဖမ်းထားလိုက်သည်။

"ညစာ စားပြီးပြီလားဟင်"

"မဆာလို့ မစားသေးဘူး"

"ဒါဆို ကိုယ်နဲ့အတူတူ စားရအောင်နော်...ကိုယ် ရေချိုးလိုက်မယ်...ခဏစောင့်ပေးမလားဟင်"

"မြန်မြန် သွား ချိုး သွား"

ခန့်ဇော် ခပ်သွက်သွက်လေး ရေချိုး၊ အဝတ်အစားလဲပြီး မီးဖိုဆောင်ထဲသို့ ဝင်သွားလိုက်တော့ ပိုင်ပိုင်က ထမင်းပွဲ ပြင်ထားပြီးပြီ။ ထမင်းက သိပ်မပူတော့ပေမယ့်လည်း ပိုင်ပိုင် ပြန်နွှေးထားပုံရသည့် ဟင်းတွေကတော့ အကုန်လုံး ပူပူနွေးနွေးပင်။

"ကိုယ် နောက်ရက်တွေ အိမ်ပြန်နောက်ကျလို့ ပိုင်ပိုင် ဗိုက်ဆာရင် စားနှင့်နော် သိလား"

"အွန်း"

နှစ်ယောက်အတူတူ ညစာ စားပြီးတော့ ခန့်ဇော် ပန်းကန်တွေ ဆေးပေးလိုက်သည်။ ပိုင်ပိုင်က သူဆေးထားသည့် ပန်းကန်တွေကို ရေသုတ်ပြီး သူ့နေရာမှာသူ စီစီရီရီ ပြန်ထား၏။

မီးဖိုဆောင်ထဲမှာ သိမ်းဆည်းပြီးနောက် သူတို့နှစ်ယောက်လုံး သွားတိုက်၊ မျက်နှာသစ်ပြီးမှ အိမ်ပေါ်ထပ်ကို တက်ခဲ့ကြသည်။ အခန်းထဲရောက်တော့ ပိုင်ပိုင်က မှန်တင်ခုံရှေ့တွင် ထိုင်ကာ Night Cream လိမ်းနေတာမို့

"ကိုယ့်ကိုလည်း လိမ်းပေးပါဦး"

ဟုဆိုကာ သူ ပိုင်ပိုင့်ရှေ့ကို မျက်နှာတိုးပေးလိုက်သည်။

"ခန့်ဇော်ရဲ့ပိုင်"Where stories live. Discover now