အပိုင်း ( ၁၁ )

4.8K 567 14
                                    

"ကိုယ် ပိုင်ပိုင့်ကို ခြံလိုက်ပြဦးမယ်"

မနက်ပိုင်း ဘုန်းကြီးသွားပင့်ပြီး ဘုန်းကြီးကျောင်းကနေ အပြန်တွင် ကိုခန့်ဇော်က သူ့ကို ​ရွာတောင်ပိုင်းသို့ ခေါ်သွား၏။

ပိုင်ပိုင်တို့ရွာက ဒီမြို့နယ်တွင် အကြီးဆုံးရွာဖြစ်ပြီး အိမ်ခြေလည်း အများဆုံးဖြစ်သည်။ ရွာကို ရှေ့၊နောက်၊တောင်၊မြောက် ဧရိယာ အကျယ်အဝန်း တူညီစွာ ခွဲထားပြီး ရွာလယ်တွင် ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်း တည်ရှိ၏။ ပိုင်ပိုင်တို့ မိသားစုနေတာက ရွာရှေ့ပိုင်းဆိုပေမယ့် ကိုခန့်ဇော်တို့ရဲ့ မိသားစုနေအိမ်ကတော့ အရှေ့တောင်ယွန်းယွန်းတွင် ရှိသည်။

"ရောက်ပြီ"

အုတ်တံတိုင်း ခတ်ထားသည့် ခြံတစ်ခြံရှေ့ကို ရောက်တော့ ကိုခန့်ဇော်က ခြံအဝင်ရှိ ပိတောက်ပင်ကြီးရဲ့အောက်တွင် ဆိုင်ကယ်ရပ်လိုက်ပါသည်။ ခြံတည်နေရာက ရွာကနေ ကားလမ်းမကြီးဆီသို့ ဖောက်ထားသည့် လမ်းဘေး မှာ ဖြစ်လို့ ပိုင်ပိုင် ဖြတ်သွားဖြတ်လာလုပ်ရင်းနဲ့တော့ ဒီခြံကို သတိထားမိပေမယ့် ကိုခန့်ဇော်ပိုင်မှန်းတော့ မသိခဲ့ချေ။

"ဒီခြံကို ကိုခန့် ဘယ်တုန်းက ဝယ်ထားတာလဲ"

"လွန်ခဲ့တဲ့ ၅ နှစ်က"

ခြံအကျယ်က ခန့်မှန်းခြေ ပေ ၁၀၀ ဝန်းကျင်ရှိနိုင်ပြီး အိမ်ဆောက်မည့်နေရာတွင် သစ်တွေ၊ အုတ်တွေ ပုံထားတာကို တွေ့ရသည်။ ထူးခြားတာက ခြံထဲမှာ အပင်တွေအများကြီး ရှိခြင်းပင်။
ခြံထဲက ဘယ်နေရာကို ကြည့်ကြည့် စိမ်းလန်းနေသဖြင့် ပိုင်ပိုင် စိတ်ချမ်းသာရကာ ပိုင်ပိုင် တစ်အိုးတစ်အိမ်ထူပြီးလျှင် နေချင်သော ပတ်ဝန်းကျင်မျိုးဖြစ်၍လည်း ခြံထဲကို လျှောက်ကြည့်ရင်း ပျော်နေတော့၏။

"နှစ်ရှည်ပင်တွေက ခြံဝယ်ကတည်းက ပါတာ...သီးပင်စားပင်တွေနဲ့ တချို့ပန်းပင်တွေကတော့ ကိုယ်စိုက်ထားတာ"

ခြံထဲတွင် အရိပ်ရ သစ်ပင်ကြီးတွေသာမက သရက်၊မာလကာ၊ထောပတ် စသည့် နှစ်ရှည်သီးပင်များရှိပြီး ရာသီအလိုက်ပွင့်သည့် ချယ်ရီ၊ပိတောက်၊ ကံ့ကော်စသည့် အပင်ကြီး တွေလည်းရှိသည်။ ပိုင်ပိုင်ကြိုက်သည့် နှင်းဆီ၊ စံပယ် နှင့် ဇီဇဝါပန်း စသည်တို့လည်း ရုံလိုက်ကြီးတွေ ရှိပါ၏။

"ခန့်ဇော်ရဲ့ပိုင်"Where stories live. Discover now