အပိုင်း ( ၄ )

6.5K 672 18
                                    

"သားရေ...ခန့်ဇော်"

"ခင်ဗျာ"

"ပိုင်ပိုင် ရောက်နေတယ်"

"ဟုတ်လား အမေ"

"အေး...ဆီ လာကြိတ်တာတဲ့...မင်း မရှိဘူးလား မေးနေလို့"

အမေက သူ့ကို ကပ်တိုးလေး လာ​ပြောတော့ ခန့်ဇော် ဂိုထောင်တွင် မုန်လာထုပ်တင်နေရာမှ အိမ်ဘက်ကို ခပ်သွက်သွက် လျှောက်သွားလိုက်သည်။ အရင်ကတည်းက ပိုင်ပိုင်က ဆန်စက်နှင့်ဆီစက် ထောင်ထားသည့် သူတို့အိမ်မှာ စပါးလာကြိတ်သလို၊ မြေပဲ လာကြိတ်တာမျိုးလည်း ရှိသည်။ ဒီနေ့အတွက် တစ်မူ ထူးခြားတာကတော့ သူ ရှိလားလို့ မေးခြင်းပင်။

"ဆီလာကြိတ်တာလား ပိုင်ပိုင်"

"ဟုတ်ကဲ့"

ခါတိုင်းလိုပဲ သူ့ညီ မောင်ဇော်က ပိုင်ပိုင် လာအပ်တဲ့ မြေပဲဆံ တစ်တင်းကို ဆီကြိတ်ပေးနေတုန်းမှာ ပိုင်ပိုင်က ငုစပ်ပင်ရိပ်အောက်ရှိ ကွက်ပျစ်တွင် ထိုင်စောင့်နေလေသည်။ အရင်ကတော့ ပိုင်ပိုင် အဲ့ဒီ့နေရာမှာ ထိုင်နေရင် ခန့်ဇော်က အိမ်ခြံဝန်းထဲက တစ်နေရာရာမှာ မယောင်မလည် လုပ်ရင်း ခိုးငေးရလေ့ရှိခဲ့၏။ ပိုင်ပိုင်ကတော့ ဗျာများရတဲ့သူ့အဖြစ်တွေကို သတိမထားမိခဲ့လောက်ပေ။

"အစ်ကို ကြိတ်ပေးလိုက်မယ် မောင်ဇော်"

"ကျွန်တော်ပဲ လုပ်ပါ့မယ်...ကိုခန့်က ဟိုမှာ စကား​သွားပြောလေ...ငါတို့ အစ်ကိုက ဒီနေရာကျ မသွက်ပါလား"

သူ့ညီ မောင်ဇော် ပြောလည်း ပြောလောက်စရာပင်။ ပိုင်ပိုင့်အနားရောက်ရင် မထုံတက်တေး ဖြစ်သွားတတ်တဲ့ သူက ဘယ်ခါမှများ ပိုင်ပိုင့်ကို သူ့နှုတ်ကနေ ချစ်ခွင့်ပန်ရဲမည်လဲ မသိ။ ဒီအခြေအနေထိ ရောက်လာတာတောင် အမေတို့ လမ်းကြောင်းပေးထားလို့ ဖြစ်သည်။ ပိုင်ပိုင့်ဘက်က ခါးခါးသီးသီး မငြင်းလိုက်ဘဲ ချစ်ကြိုက်ခွင့် ပြုထားရက်နဲ့ သူက ခုထိ အုံ့ပုန်းလို လုပ်နေတုန်း။

"ပိုင်ပိုင်"

"ခင်ဗျာ"

"အိမ်ထဲမှာ ဆေးအေး လာစောင့်ပါလားဟင်"

"ရပါတယ်ဗျ...ဒီမှာပဲ စောင့်ပါ​တော့မယ်"

"ဒါဆို ခဏ ထိုင်ဦးနော်"

"ခန့်ဇော်ရဲ့ပိုင်"Where stories live. Discover now