Ep - 1

2.3K 287 7
                                    

အခန်း (၁) ဝန်ခံခြင်း

Unicode

ယွီကျစ်ယွီမျက်လုံးဖွင့်လိုက်တော့ ခါးသီးမှုနှင့်မုန်းတီးမှုတို့ ရောထွေးနေသော မျက်နှာတစ်ခုကိုတွေ့လိုက်ရသည်။

ဒါဘယ်သူလဲ?

ယွီကျစ်ယွီသည် တစ်ညလုံးဂိမ်းဆော့ပြီး အိပ်ရာဝင်တာကိုမှတ်မိသည်။ပြီးနောက်မှာတော့ သူမူးနောက်နောက်ဖြစ်ကာ အမှောင်ထုကြီးထဲရောက်သွားသည်။

သူပြန်နိုးလာတဲ့အချိန်မှာ သူဒီလူကိုတွေ့လိုက်ရတာပင်။နောက်ခံသည် ဖရိုဖရဲနှင့်စည်းစနစ်ကျသော အိပ်ဆောင်မဟုတ်ပဲ အနီရောင်တောက်ပနေသည်။

ခဏလေး..သူလဲလျောင်းနေတာမဟုတ်ဘူး၊ သူရပ်နေတယ်?

နေပါဦး..ဘာကြောင့်သူ ဝတ်စုံပြည့်ဝတ်ထားရတာလဲ?

သူ့ကိုကြည့်နေတဲ့လူက ပွဲတတ်ဝတ်စုံပြည့်ကိုဝတ်ထားပြီး တောက်ပြောင်​နေသော ဆံပင်တွေကို နောက်ပြန်ဖီးသပ်ထားသည်။တာ့ပေထုံက သူ့ကိုကြည့်ပြီး တင်းတင်းကြပ်ကြပ်မျက်မှောင်ကြုတ်ကာ လည်ချောင်းထဲမှသူ့အသံကိုညှစ်ထုတ်လိုက်ပုံရသည်။

[T/N - ကိုယ်ရှာကြည့်လိုက်တာတော့
Dabeitou>> 大 -ကြီးတာ, 背头 -နောက်လှန်ထားတာတဲ့ဆံပင်ပုံစံ
တာ့ပေထုံ >> နောက်လှန်ထားတဲ့ဆံပင်ပုံစံကြီး or ဆံပင်နောက်လှန်ဖီးထားတဲ့ခေါင်းကြီး]

"ကျစ်ယွီ...."

ယွီကျစ်ယွီ မသိစိတ်ကနေ ပြန်ဖြေလိုက်သည်။
"ဟင်?"

တာ့ပေထုံက ရုတ်တရက် အနားရောက်လာပြီး သူ့ပုခုံးကိုဖိလိုက်ကာ: "ငါတောင်းပန်ပါတယ်"

ယွီကျစ်ယွီက ဘာတွေဖြစ်နေမှန်းမသိဘူး။ဒါကြောင့် သူယဥ်ကျေးစွာပြန်ဖြေလိုက်သည်။
"အဆင်ပြေပါတယ်?"

ထိုလူက စိတ်သက်သာရာရသလို အသက်ပြင်းချကာ လှည့်ပြီးပြေးလေသည်။

ဘာအတွက် ခင်ဗျားပြေးနေတာလဲ?ယွီကျစ်ယွီ ထိုလူရဲ့ပြေးလမ်းအတိုင်းလိုက်သွားရင်း သူ့ဘေးပတ်ပတ်လည်ကိုမြင်လိုက်ရသည်။

ဒီဟာက ပွဲခန်းမတစ်ခုဖြစ်ပြီး မျက်လုံးတွေအားလုံးက ပျော်ရွင်မြူးတူးသောအနီရောင်တောက်ပနေသည်။သူရပ်နေသောနေရာသည် စင်မြင့်ဖြစ်ပြီး၊ အောက်မှာတော့အစားအသောက်အပြည့်စားပွဲဝိုင်းတွေနှင့် ဧည့်သည်များပြည့်နှက်နေသည်။ဧည့်သည်အားလုံးက ခုနကလူအတိုင်း ပွဲတတ်ဝတ်စုံပြည့်တွေဝတ်စားထားကြသည်။

ဇာတ်လိုက်နဲ့စေ့စပ်ပွဲပျက်ပြီးနောက် သူ့ဦးလေးနဲ့လက်ထပ်လိုက်တယ်Where stories live. Discover now