Ep - 12

1.2K 199 6
                                    

Unicode

အခန်း (၁၂) ထောက်လှမ်းရေး

သူက ပြန်လည်ထူထောင်ရေးကြောင့် မောပန်းနွမ်းနယ်နေပြီး စကားပြောချင်ပေမယ့် ယွီကျစ်ယွီ၏ စစ်သေနတ်လောက်တော့မမြန်ပေ။

ယွီကျစ်ယွီ ဆက်ပြီး ကရားရေလွှတ်ပြောလာတယ်။
"တစ်ရက်..ဦးလေးက ကျွန်တော်တို့စကားစမြည်ပြောနေတာကို မြင်သွားတယ်လေ ..ဝိုး..အဲ့မျက်နှာကအရမ်းရုပ်ဆိုးတာပဲ..သူ လောင်မာကို ခေါ်ပြီး ဆူဖို့လာတယ်လေ"

ဖူဟန် စိတ်ဝင်စားလာသည်။
"အိုး?"

ဦးလေးက ယွီကျစ်ယွီ၏လေ့ကျင့်ရေးထက် သူ့ကိုကြည့်ဖို့ လူနာဆောင်ကိုလာသင့်တာမဟုတ်လား?

"တကယ်ဆို ..မနေ့ကတင်ပဲ..ဒါဆို အခုလောင်မာက ပြောင်းသွားတာလား..ဒီနေ့ ကျွန်တော်အစောကြီးထစရာမလိုတော့ဘူးပေါ့"

ဖူဟန် မနေ့က ပြန်လည်ထူထောင်ရေးအခန်းထဲက ပြတင်းပေါက်အပြင်တွင်မြင်လိုက်ရတဲ့ ပုံသဏ္ဌာန်ကို ပြန်တွေးနေမိသည်။

သူကတော့ သနားစရာကောင်းတဲ့အခြေအနေမှာပင်...သူ လဲကျပြီးနောက် အချိန်အတော်အတန်ကြာမထနိုင်ပေ။ကြမ်းပြင်ပေါ်မှာ လဲလျောင်းရင်း မတ်တပ်တောင်မရပ်နိုင်တော့တဲ့ သနားစရာအခြေအနေကို ဘယ်လိုရောက်သွားလဲဆိုတာ သူ မသိခင်မှာပဲ နာကျင်မှုကြောင့် မျက်ရည်စီးကျလာခဲ့သည်။

ဤအခိုက်အတန့်မှာပဲ ထိုပုံရိပ်က ထွက်ခွာသွားသည်။

ခန္ဓာကိုယ်အချိုးစားအရဆိုရင် သူ့ဦးလေးဖြစ်သင့်တယ်။ဦးလေးက သူ့ကို တကယ်တွေ့ချင်ကာ ရိူးတစ်ခုလုပ်ချင်တာ ဖြစ်ကောင်းဖြစ်နိုင်သည်။စိတ်ဓာတ်အရမ်းကျနေတဲ့ သူ့ကိုမြင်ပြီးတော့ အဲ့ဒါကသူ့အတွက် ကောင်းတဲ့အရာမဟုတ်နိုင်ဘူးလို့ တွေးခဲ့တယ်။နောက်မှပြန်လာရင်လည်း ကိစ္စမရှိတာကြောင့် သူလှည့်ပြီး ပြန်သွားခဲ့တယ်။

ယွီကျစ်ယွီကတော့ သူဘာတွေတွေးနေလဲဆိုတာကို အာရုံမစိုက်ပဲ ဆက်ပြီးပြောနေခဲ့သည်။
"လောင်မာကို သိလား? လောင်မာက သက်တော်စောင့်တွေကို ဦးဆောင်နေတဲ့သူလေ၊ သူကအရမ်းမြင့်ပြီး အရမ်းသန်မာတာ၊ ထူးခြားတဲ့လက္ခဏာက သူ့မျက်ခုံးပဲ၊ ဒီဟာကပဲ သူ ဘာနဲ့တူတာလဲဆိုရင်.............တာဝန်ချိန်မှာဆိုရင် သူက စည်းကမ်းအကြီးဆုံးပဲ၊ ရေလိုက်ငါးလိုက်မနေဘူး၊ ပြောင်းလဲတာလည်းအရမ်းမြန်တယ်၊ အဓိပ္ပါယ်မရှိတာ တခွန်းတောင်ပြောလို့မရဘူး ၊ အမြဲတမ်း ထောင့်ကိုသွားပြိီး အကွယ်ကနေ လူတွေကိုစိုက်ကြည့်တတ်တယ်"

ဇာတ်လိုက်နဲ့စေ့စပ်ပွဲပျက်ပြီးနောက် သူ့ဦးလေးနဲ့လက်ထပ်လိုက်တယ်Where stories live. Discover now