Ep - 14

1.1K 191 6
                                    

Unicode

အခန်း (၁၄) မနာလိုခြင်း

ယွီကျစ်ယွီ အိမ်ပြန်ရောက်သောအခါ သူသည် ဆိုဖာပေါ်တွင် လှဲလျောင်းနေပြီး မလှုပ်မရှားတော့ပေ။

အရမ်းပင်ပန်းသည်။ နည်းပြကို မဖြုတ်ခင်မှာ စောစောထပြီး စက်ဝိုင်းပုံ​ပတ်ပြေးရတယ်၊ စစ်တပ်အနေအထားနဲ့ မတ်တပ်ရပ်ပြီး လမ်းဖြောင့်ဖြောင့် လျှောက်ရတယ်...သူမှားသွားတာနဲ့ နည်းပြဆီက ကြိမ်းမောင်းခံရသည်။

ဒီမနက်မှာ သူတကယ်အိပ်ချင်နေတာကြောင့် အိပ်ရာမထခင် အချိန်အတော်ကြာအောင်နေခဲ့တယ်။

ဆေးရုံကိုသွားရမယ်။ သူ့ရဲ့ဖြစ်တည်မှုကိုသတိပြုမိစေရန် ထုတ်ပြပြီး ဖူဟန်ကို မိုဘိုင်းဖုန်းအသုံးပြုဖို့လည်း အခွင့်အရေးပေးရမည်။

ယွီကျစ်ယွီ မူရင်းစာအုပ်ကိုဖတ်ပြီး ဖူဟန်နဲ့ သူ့ဦးလေးက တစ်နေ့ကျရင် သဘောထားကွဲလွဲမယ်ဆိုတာ သိနေခဲ့တယ်။ သူ ဘယ်လိုဖြစ်သွားလဲဆိုတာ အတိအကျမသိတာကြောင့် အပြောင်းအလဲတွေကိုသာစောင့်ကြည့်ခဲ့ရပြီး ဦးလေးရဲ့ ထိန်းချုပ်မှုဟာ အားကောင်းလွန်းတာကို တွေ့ရှိခဲ့တယ်။

တစ်ခါက ဖူဟန်က သက်တော်စောင့် အမြဲအသံသွင်းနေတဲ့ ဘောပင်ကို ဆရာဝန်ဆီကတောင်းခဲ့သည်။

ဒီအတိုင်းဆက်သွားရင် ဖူဟန် ဒီဆေးရုံက ဘယ်လိုထွက်သွားမလဲ?

ယွီကျစ်ယွီက မသိပေမယ့် ကူညီရတာကိုတော့ ဝမ်းသာသည်။

အမှန်တော့၊ သူသည် ဖူဟန်နှင့် အချက်အလက်များစွာဝေမျှနေခဲ့သည်။ ဆေးရုံက ဘယ်လိုမျိုးအဝင်အထွက်လုပ်ရမလဲဆိုတဲ့အကြောင်း၊ သက်တော်စောင့်တစ်ဦးစီ၏ ထူးခြားတဲ့လက္ခဏာတွေ၊ ပြီးတော့ သက်တော်စောင့်တွေ အလွယ်တကူ မမြင်မိတဲ့အချိန်တို့ကို မျှဝေနေခဲ့သည်။

ယွီကျစ်ယွီက တိုက်ရိုက်မပြောသော်လည်း သွယ်ဝိုက်စွာပြောခဲ့သည်။

ဖူဟန်သည် မာနကြီးတဲ့သူဖြစ်တာကြောင့် အခြားသူများ သူ့ကို ဆရာလုပ်တာမကြိုက်ပေ။

သူ၏နည်းလမ်းများသည် လူများကို စိတ်တိုစရာဖြစ်စေပြီး စိတ်အနှောင့်အယှက်ဖြစ်စေနိုင်သည်။ ဖူဟန်၏ ခန္ဓာကိုယ်သည် အပြည့်အဝ ပြန်လည်ကောင်းမွန်လာကာ အစပိုင်းတွင် အနှောင့်အယှက်မဖြစ်ခဲ့ပေ။ ထို့နောက်တော့ သူ့ကို မောင်းထုတ်ရန် အားအချို့သုံးခဲ့တယ်။ အချိန်ကြာလာသည်နှင့်အမျှ သူ စကားအနည်းငယ်ကို သူကြားနိုင်ခဲ့သည်။

ဇာတ်လိုက်နဲ့စေ့စပ်ပွဲပျက်ပြီးနောက် သူ့ဦးလေးနဲ့လက်ထပ်လိုက်တယ်Where stories live. Discover now