Ep - 23

942 169 7
                                    


Unicode

အခန်း (၂၃) မိဘ

"ယွီကျစ်ယွီ မင်းဟာက အရောင်မှိန်သွားပြီ"

ယွီကျစ်ယွီတစ်ယောက် ထိတ်လန့်သွားပြီး သူ့လည်ပင်းကိုထိလိုက်တာနဲ့ ပြာတွေပြည့်နေတဲ့ လက်ကို ခံစားလိုက်ရတယ်။

တော်လိုက်​တဲ့ကောင်လေး၊ နေရောင်အောက်မှာဆို သူ့လည်ပင်းက မီးချောင်းသေးသေးလေးလို ဖြစ်နေမှာပဲ။

ယွီကျစ်ယွီက သူ လုံးဝ ပေါ်သွားပြီဆိုတဲ့အကြောင်း သိနေသဖြင့် ထိတ်လန့်မနေတော့ဘူး။ သူက ဖူဟန်၏ ပြုံးနေတဲ့အမူအရာကို ကြည့်ကာ လည်ချောင်းကို ရှင်းလိုက်ပြီး ကျယ်လောင်စွာ ရှင်းပြလာသည်။

"တကယ်တော့ ဒါက... "

ဖူဟန်၏ အပြုံးသည် နက်ရှိုင်းလာပြီး သူ မည်သို့ငြင်းခုံနိုင်သည်ကို စောင့်မျှော်နေလေသည်။

ယွီကျစ်ယွီက ဆင်​ခြေတွေမပေးခဲ့ပေ။ သူက မြေပြင်ပေါ်ထိုင်ချလိုက်ပြီး ဖူဟန်၏ခြေထောက်များကို ပွေ့ဖက်ကာ စတင်ဟစ်ကြွေးလာခဲ့သည်။

"ဒါက ကျွန်တော် အမှားလုပ်မိကြောင်း သက်သေပြလိုက်တာပဲ! ခင်ဗျားရဲ့စူးရှတဲ့မျက်လုံးတွေက ကျွန်တော့်ကို လမ်းမှားမရောက်အောင် ကယ်တင်ခဲ့တာ!"

ဖူဟန်: "....."

တကယ်မဟုတ်ဘူး။

ယွီကျစ်ယွီက သူ ချဲ့ကားနေမှန်း သိသော်လည်း ဖူဟန်က ဘာမှ မပြောမချင်း ချဲ့ကားချင်သေးသည်။

သူ မရှက်သရွေ့ အခြားသူများ အရှက်ရလိမ့်မည်။ သူ့ကို ကြိမ်းမောင်းချင်တာလား? သူ့ကိုယ်သူ အရင် ကြိမ်းမောင်းလိုက်မယ်။

"တကယ်တော့ ကျောင်းမသွားချင်လို့ ဒီလိုမျိုး လုပ်ခဲ့တာ။ ဒါက တကယ်ကို ကဖျက်ကယက်နဲ့ အရမ်းရက်စက်တာပဲ၊ ကျွန်တော် တိုက်ရိုက်တောင်မကြည့်ရဲဘူး....ကျွန်တော် အမာရွတ်မိတ်ကပ်လိမ်းထားတာက တကယ်ကို စာနာမှုရရှိစေဖို့ပဲ၊ ကျွန်တော်က ဦးနှောက်မရှိဘူး၊ ပျင်းတယ်၊ လောဘကြီးတယ်၊ လူ့အဖွဲ့အစည်းအတွက် အထောက်အပံ့မရှိဘူး၊ ကျွန်တော်ကိုယ်ကျွန်တော်လည်း ဆူပူကြိမ်းမောင်းနေစရာမလိုဘူး၊ ခင်ဗျားကို အနှောင့်အယှက်ပေးမိတဲ့အတွက် တောင်းပန်ပါတယ် ဝူးဝူး...."

ဇာတ်လိုက်နဲ့စေ့စပ်ပွဲပျက်ပြီးနောက် သူ့ဦးလေးနဲ့လက်ထပ်လိုက်တယ်Where stories live. Discover now