Ep - 28

824 147 10
                                    

Unicode

ဖူဟန်က မျက်စောင်းထိုးပြီး "မင်း သတင်းမှာ ပါချင်လို့လား?"

ယွီကျစ်ယွီ လျင်မြန်စွာပြန်ဖြေလာသည်။
"ကျွန်တော် ပါချင်တယ်လို့ ထင်တယ်၊ ကျွန်တော်အရင်က မပါဖူးဘူး"

ဖူဟန်က သူ့လျှာကိုတောက်လိုက်သည်။

ယွီကျစ်ယွီသည် ဖူဟန် ဒေါသဖြစ်တော့မည်ဟု ယောင်ဝါးဝါးခံစားမိသောကြောင့် သူသည် ချက်ချင်းဆိုသလို သူ့စကားလုံးတွေပြောင်းလိုက်သည်။

"နောက်တာပါ၊ ခင်ဗျားစကားကို ဘယ်လိုလုပ် နားမထောင်ရမှာလဲ၊ နောက်ကျရင် ကျွန်တော် ဦးထုပ်ဆောင်းပြီး ဒရိုင်ဘာအနောက် လိုက်သွားလိုက်မယ်၊ ဒါဆို သတင်းထောက်တွေက ကျွန်တော့်ကို ဓာတ်ပုံရိုက်ဖို့ အခွင့်အရေးရှိမှာမဟုတ်ဘူး"

ဖူဟန်၏ဦးတည်ရာ လွဲသွားပြန်သည်။
"ဦးထုပ်?"

"ဟုတ်တယ်၊ ကျွန်တော် ဆရာဖန်နဲ့ ဓာတ်ပုံရိုက်ဖို့ သွားရမယ် ထင်ထားလို့ နေကာဦးထုပ်ကို ​ကြိုပြင်ထားတာ"

ယွီကျစ်ယွီ သူ့ရဲ့ကျောပိုးအိတ်ကနေ ဦးထုပ်တစ်လုံးထုတ်လိုက်တယ်။၄င်းမှာ ပြုံးနေတဲ့ခွေးခေါင်းပုံစံဖော်ထားသည်။

ဖူဟန်က လေအိုးလေးရဲ့အကြိုက်နဲ့ပတ်သတ်ပြီး နားမလည်ပေ။

ဒါကြောင့် သူ့မျက်ခုံးတွေကို ပွတ်သပ်ပြီး "အမ်"

ယွီကျစ်ယွီ သုံးတဲ့အရာတွေက ကလေးဆန်ပေမယ့် သူ့လုပ်ရပ်ကတော့ နည်းနည်း ချင့်ချိန်သည်။ ဖူဟန် ပင်ပန်းနေပြီဆိုတာ မြင်လိုက်ရတော့ သူရေးကြီးခွင်ကျယ်လုပ်နေတာကိုရပ်လိုက်ကာ ကူပြီးစောင်ခြုံပေးလိုက်သည်။ 

"ကျွန်တော် စကားမပြောတော့ဘူး ခင်ဗျား အနားယူတော့"

ဖူဟန်က မျက်လုံးတွေကိုဆက်မှိတ်ထားကာ အနားယူလိုက်သည်။

တစ်နာရီခန့် ကားမောင်းပြီးနောက် ယွီကျစ်ယွီလည်း တစ်ရေးတစ်မော အိပ်ချင်လာသည်။ သို့သော် သူမျက်လုံးမှိတ်လိုက်သည်နှင့် ဖူရွင်း၏ကားထဲတွင် တိမ်းစောင်းလှုပ်ရှားရသည့် အတွေ့အကြုံကို သတိရမိသည်။ နောက်စက္ကန့်တွင် စူးရှစွာကွေ့ပြီး ဘရိတ်အုပ်မိမည်ကို သူ ရှင်းမပြနိုင်စွာ ကြောက်နေမိသည်။ သူ အိပ်ငိုက်သည်ဟု မခံစားရတော့ဘဲ ဖုန်းကြည့်ရန်ထုတ်လိုက်သည်။

ဇာတ်လိုက်နဲ့စေ့စပ်ပွဲပျက်ပြီးနောက် သူ့ဦးလေးနဲ့လက်ထပ်လိုက်တယ်Where stories live. Discover now