Ep - 3

1.6K 253 17
                                    

Unicode

အခန်း (၃) ရွေ့လျားခြင်း

စာဖတ်သူတွေတော်များများကတော့ ဖူဟန်ဟာ နှစ်လိုဖွယ်ကောင်းတဲ့ဗီလိန်လို့ ထင်ကြပါတယ်။

သူက ဒုက္ခဖြစ်စေတဲ့လက်နက်ကိရိယာလိုလူမျိုးမဟုတ်ဘူး။သူ့မှာအခက်အခဲတွေ၊ လှုံ့ဆော်မှုနဲ့အရည်အချင်းတွေရှိတယ်။ပြီးတော့ သူက လက်စားချေခြင်းပန်းတိုင်သို့ အရောက်လှမ်းနေသူဖြစ်သည်။

ဥပမာအားဖြင့်၊ ဇာတ်ဆောင်shou ပျောက်ဆုံးနေပြီး၊ ဇာတ်လိုက်ကနံရံကိုထိုးရန် အလွန်ဆန္ဒစောနေရင်..

ဖူဟန်: "အများပိုင်ပစ္စည်းကိုဖျက်စီးတာက တရားမဝင်ဘူး"

နောက်ထပ်ဥပမာတစ်ခုအနေနှင့်၊ ဇာတ်လိုက်gongသည် သူ့အဖေက ဖူဟန်၏ကားမတော်တဆမှုရဲ့တရားခံလို့ သိရှိသွားပြီး "ကျွန်တော် သူနဲ့စကားပြောလိုက်မယ်" ဟု ဝန်လေးစွာပြောခဲ့သည်။

ဖူဟန်: "ဘာပြောစရာရှိလို့လဲ.. ရဲကိုဖုန်းဆက်လိုက်!"

သူနဲ့အမြောက်စာဇာတ်ကောင်က နာမည်တူတဲ့အတွက်ကြောင့် ယွီကျစ်ယွီ ဒီဝတ္ထုကိုဖတ်ခဲ့ခြင်းဖြစ်သည်။သူဖတ်နေတုန်း အစားထိုးရဲ့စိတ်ခံစားချက်ကို သူခံစားခဲ့ရပြီး အချစ်အတွက် ဇာတ်လိုက်နှစ်ဦး၏ ဉာဏ်ရည်ဉာဏ်သွေးနောက်ကျတဲ့ အပြုအမူကိုလည်း သည်းမခံနိုင်တော့ပေ။သူ ညည်းညူလိုက်ပြီးနောက်တစ်မျက်နှာလှန်လိုက်တော့ ဖူဟန်လည်း သူ့လိုပဲ 'ဟားဟားဟား'မှလွှဲလို့ ပြောစရာမရှိတော့ကြောင်း တွေးနေတာတွေ့လိုက်ရသည်။

ဘော့စ်က ကြောင်သူတော်စုံတွဲကိုသတ်ပစ်တယ်!

ယွီကျစ်ယွီ ဒီဝတ္ထုကိုဖတ်နေတုန်းက သူ့မျက်လုံးထဲမှာ ဖူဟန်က နှစ်လိုဖွယ်ကောင်းတဲ့ဇာတ်ကောင်တစ်ခုလို့ ပြောနိုင်သည်။

ဖူဟန်ကိုယ်တိုင်ကို ယွီကျစ်ယွီမြင်လိုက်ရတဲ့အချိန်မှာတော့ နှစ်လိုဖွယ်ကောင်းတာတင်မဟုတ်ဘူးလို့ သူခံစားလိုက်ရတယ်။

ဖူဟန်က အရမ်းချောတယ်။

ဆေးရုံဝတ်စုံကိုဝတ်ထားပြီး ပြွန်စည်းထည့်ထားသော်လည်း နှာတံမြင့်မြင့်၊ နှုတ်ခမ်းပါးပါးနှင့် သူ့မျက်နှာကချောနေတုန်းပဲ။ဖြူဖျော့နေသောအသားအရည်ကြောင့် သူရဲကောင်းဆန်မှုအနည်းငယ်ဆုံးရှုံးသွားသော်လည်း အဲ့ဒါကပဲ နောင်တ၏ နက်နဲသိမ်မွေ့သောအလှကို ထပ်ပေါင်းထည့်လိုက်သလိုပဲ။

ဇာတ်လိုက်နဲ့စေ့စပ်ပွဲပျက်ပြီးနောက် သူ့ဦးလေးနဲ့လက်ထပ်လိုက်တယ်Where stories live. Discover now