Ep - 34

720 144 8
                                    


Unicode

ဖူဟန်က သူ့ရဲ့ လျစ်လျူရူ​သောမျက်နှာကို ပြန်လည်တပ်ဆင်လိုက်ပြီး "မီးဖိုချောင် ပျက်စီးသွားမှာကို ငါစိတ်ပူရုံပဲ"

လော့ခိုင်လည်း ဒါကို ကျင့်သားရနေပြီး "ဟုတ်တယ် မီးဖိုချောင်အတွက်" လို့ ပြုံးပြုံးလေး ပြန်ပြောလိုက်သည်။

တစ်နာရီလောက်ကြာတော့ ယွီကျစ်ယွီ ပြန်ရောက်လာခဲ့သည်။ တံခါးကနေဝင်လာတာနဲ့  သူ စကားများတော့သည်။တံခါးစောင့်၊ ဆရာဝန်နှင့် သူနာပြုများဆီ ညစာယူဆောင်လာကာ ထမင်းချက်ဆီကို စီးကရက်ပို့ပေးလိုက်သည်။သူက အသံချိုချိုလေးနဲ့ "ခင်ဗျား အလုပ်ကြိုးစားမှာကို ကျွန်တော်ကြောက်လို့ အပြင်ကနေ အစားအသောက်ဝယ်ခဲ့တာ၊ ဒီအရာတွေက ခင်ဗျားလုပ်တဲ့အရာတွေနဲ့ ဝေးကွာလွန်းတယ်၊ သူတို့စားပြီးတာနဲ့ ခင်ဗျားကို ပိုလေးစားလာလိမ့်မယ်"

ယွီကျစ်ယွီ ထိုကဲ့သို့ပြောလာသောအခါ ထမင်းချက်သည်ပျော်ရွှင်စွာ ခေါင်းလောင်းတစ်လုံးကဲ့သို့ ရယ်လာလေသည်။

ဖူဟန်သည် ထိုအသံကို လူနာဆောင်ထဲတွင်တောင်ကြားလိုက်ရပြီး မျက်မှောင်ကြုတ်မိသည်။

ယွီကျစ်ယွီ တခြားသူတွေကို ချော့ပြီးတာနဲ့ လူနာဆောင်ထဲကိုပြေးဝင်လာသည်။

"လောင်ကုန်း..ကျွန်တော်ပြန်လာပြီ! ကျွန်တော် ခင်ဗျားဆီ အရင်ဆုံးအပြေးအလွှားလာချင်တာ၊ဒါပေမယ့် သူတို့က ကျွန်တော့်ကိုဂရုစိုက်လို့ ကျွန်တော်ကျေးဇူးတင်ရမယ်လေ"

ဖူဟန် ဆွံ့အသွားရသည်။

အဲဒီလူတွေကို ဂရုစိုက်ဖို့ ပြောခဲ့တာသူပင်။ သူက အဲ့ဒီလူတွေရဲ့ အနောက်မှာရှိတာလို့!

ယွီကျစ်ယွီ ဆက်ပြောလာတယ်။ "ကျွန်တော်မသောက်ဘူးနော်၊ စားပဲစားတာ၊ သူတို့ကမပြီးသေးပေမယ့် ကျွန်တော်ကပြီးသွားပြီ...မနက်ဖြန် ကျွန်တော့်မွေးနေ့လေ..ကျွန်တော်က ​ခရမ်းချဥ်သီးကြက်ဥခေါက်ဆွဲကို စူပါဖြစ်အောင် ချက်မှာ..ပြီးရင် 0နာရီ(12:00AM)မှာ စားမှာ"

"မင်း ချက်လို့နိုင်လား?"

"ခေါက်ဆွဲပြုတ်ရတာ မခက်ပါဘူး၊ ကျွန်တော့်လက်ရာကို ခင်ဗျား မြည်းကြည့်ချင်လား"

ဇာတ်လိုက်နဲ့စေ့စပ်ပွဲပျက်ပြီးနောက် သူ့ဦးလေးနဲ့လက်ထပ်လိုက်တယ်Where stories live. Discover now