Ep - 18

965 179 10
                                    


Unicode

နောက်တစ်နေ့တွင် ယွီကျစ်ယွီသည် ဆေးရုံသို့ သတင်းပို့ဖို့ ချီတတ်ခဲ့သည်။

"လောင်ကုန်း..အစောကြီး...."
သူ ဆွဲခေါ်မခံရခင် တစ်ဝက်ပဲ ပြောလိုက်ရတယ်။

ယွီကျစ်ယွီ သူ့ပခုံးကိုဆွဲယူ,မခံရခင် သူခဏလောက် ပုခုံးခါယမ်းပစ်လိုက်သည်။ သူ့ပခုံးပေါ်က ဆုပ်ကိုင်ထားတဲ့ ခွန်အားတွေက ပြင်းထန်လွန်းတော့ သူ နာကျင်စွာနဲ့ တုန်လှုပ်သွားပြီး ရုန်းကန်ဖို့လည်း အားနည်းသွားသည်။

သူ့အား ဖမ်းထားတဲ့သူက လုံလောက်သည်ဟု မထင်ဘဲ သူ့လည်ချောင်းကိုညှစ်ထုတ်ကာပြောလာလေသည်။
"မလှုပ်နဲ့!"

သူ့အသံက ကြောက်စရာကောင်းပြီး လူကောင်းတစ်ယောက်ရဲ့အသံနဲ့ မတူပေ။

ယွီကျစ်ယွီသည် ချက်ချင်းပင် ရိုးသားလာပြီး မလှုပ်မယှက်ဖြစ်ကာ ထိတ်လန့်နေသော မျက်လုံးများသာ အခန်းထဲ လှည့်ပတ်သွားနေခဲ့သည်။

ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီးနောက် သူ ဖူဟန်ကိုတွေ့လိုက်ရသည်။

ဖူဟန်သည် ဘီးတပ်ကုလားထိုင်တွင် ဘေးကင်းစွာထိုင်နေပြီး လွတ်လပ်စွာလှုပ်ရှားနိုင်နေသည်။
"တာ့ကျွမ်း ဒီလိုမလုပ်နဲ့"

"ဟုတ်ကဲ့"
ယွီကျစ်ယွီ အနောက်ကနေ ကြမ်းတမ်းတဲ့ တုံ့ပြန်မှုတစ်ခု ထွက်ပေါ်လာပြီး သူ့လည်ပင်းမှာ ခြိမ်းခြောက်နေတဲ့ လက်ကလည်း ပြုတ်ကျသွားသည်။

ယွီကျစ်ယွီ သက်ပြင်းတစ်ချက်ချလိုက်ပြီး နောက်ပြန်လှည့်ကြည့်ကာ စိတ်တွေလှုပ်ရှားပြန်လာသည်။

တာ့ကျွမ်းက တကယ်ကို သန်မာပြီး သူ့ခန္ဓာကိုယ် နှစ်ကိုယ်စာလောက်ရှိပုံရတယ်။ သူ့ကြွက်သားတွေက တုတ်ချောင်းကဲ့သို့မာတောင့်နေပြီး သူတစ်ယောက်ထဲနဲ့တင် လောင်မာအဖွဲ့ထဲက သက်တော်စောင့်အများစုကို သတ်နိုင်သည်။

ယွီကျစ်ယွီ ကြောက်လန့်ပြီး ဖူဟန်ရဲ့ဘေးနားကိုရွှေ့လိုက်သည်။
"လောင်ကုန်း..ဘာတွေဖြစ်နေတာလဲ?"

တာ့ကျွမ်းက ထပ်ပြီး ပြင်းထန်လာသည်။
"ဒါ မင်းနဲ့ဘာမှမဆိုင်ဘူး!"

ဇာတ်လိုက်နဲ့စေ့စပ်ပွဲပျက်ပြီးနောက် သူ့ဦးလေးနဲ့လက်ထပ်လိုက်တယ်Where stories live. Discover now