Ep - 20

1K 171 10
                                    


Unicode

အခန်း (၂၀) နူးညံ့သိမ်မွေ့သော

လော့ခိုင်က သူတို့ကို S ဆေးရုံကို ခေါ်သွားဖို့ ကားစီစဉ်ပေးတယ်။ ကားထဲမှာ ယွီကျစ်ယွီက အသက်ရူထုတ်လိုက်ပြီး ဖူဟန်နဖူးမှာချွေးထွက်နေတာ မြင်လိုက်ရတဲ့အခါ သူ့လက်နဲ့သုတ်ပေးလိုက်သည်။

ဒါ သူ့ကယ်တင်ရှင်ပဲ။ ဖူဟန်သာ မလာပါက၊ ရင်းရှောင်ရွီး၏ လည်ပင်းညှစ်သတ်ခြင်းကို ခံရပေလိမ့်မည်။

ယွီကျစ်ယွီက ဖူဟန်ကို မကြိုက်တာ မဟုတ်ပေ။

ဖူဟန်က မလှုပ်ရှားလာပေမယ့် မျက်မှောင်ကြုတ်လိုက်သည်။

"မင်းလက်တွေ ညစ်ပတ်နေတာမလား?"

"......."

ယွီကျစ်ယွီ အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသည်။
"အဆင်ပြေပါတယ်"

သူသည် အိုးစိုက်အပင်များကိုရွှေ့သေးတယ်၊ မြေပြင်ပေါ်လှဲချပြီး လသာဆောင်ပေါ်တက်သောအခါ လက်တစ်ဆုပ်စာ ဖုန်များကို ထိမိသေးကာ နောက်ဆုံးတွင် လောင်ဝူ၏ ညစ်ပတ်သောအဝတ်ကိုလည်း ယူလိုက်သေးသည်။

ကောင်းပြီ၊ သူ့လက်ဖဝါးတွေက တကယ်ကို မဲညစ်နေတာပဲ။

ယွီကျစ်ယွီက သူ့အဝတ်တွေပေါ် လက်ကို သုတ်ချင်ပေမယ့် ခေါင်းငုံ့လိုက်တဲ့အခါ နာကျင်မှုကြောင့် ရုတ်တရက်  အံ့အားသင့်သွားသည်။

ဖူဟန် သတိထားမိသွားပြီး "လည်ပင်းနာနေတာလား?"

"နည်းနည်း"
ယွီကျစ်ယွီသည် ဖုန်းကိုယူကာ အရှေ့ကင်မရာဖွင့်လိုက်ပြီး ကြည့်လိုက်သည်။

ထို့နောက် မြင်လိုက်ရတဲ့ဟာကြောင့် သူ ရုတ်တရက်လန့်သွားသည်။

ယွီကျစ်ယွီက ခေါင်းမော့ပြီး မျက်မှောင်ကြုတ်လိုက်တဲ့အခါ ဖူဟန်လည်း နားလည်သွားတယ်။

မူလက ယွီကျစ်ယွီ၏လည်ပင်းသည် သွယ်လျကာ အဖြူရောင်ဖြစ်သော်လည်း ယခုအခါတွင် အကျည်းတန်သော ဒဏ်ရာအနာအဆာများစွာရှိခဲ့သည်။ အမှတ်အသားများအားလုံးသည် အနီရောင်ဖြစ်ပြီး နက်ပြီးတိမ်သည်။ အချို့မှာ ကြောက်စရာကောင်းသော ပင့်ကူအိမ်များကဲ့သို့ဖြစ်နေပြီး အချို့မှာ အဆိပ်ပြင်းသော မြွေများကဲ့သို့ လည်ပင်းတစ်ဝိုက် ရစ်ဝဲနေသည်။

ဇာတ်လိုက်နဲ့စေ့စပ်ပွဲပျက်ပြီးနောက် သူ့ဦးလေးနဲ့လက်ထပ်လိုက်တယ်Where stories live. Discover now