Ep - 32

718 123 11
                                    


Unicode



စုဝေးကြတဲ့နေရာကို သူရောက်တဲ့အခါ အနားယူချိန်ပြီးဆုံးသွားပြီဖြစ်သည်။လူတိုင်း ပြန်သွားကြပြီး တန်းစီနေပြီပင်။ကျိချီကွမ်းသည်လည်း သူ့နေရာသူ အမြန် အပြေးအလွှားသွားလိုက်ပြီး လှုပ်ရှားဖို့အတွက် နည်းပြ၏အမိန့်ကို လိုက်နာလိုက်သည်။  
  
ယွီကျစ်ယွီကတော့ ကင်မရာတစ်လုံးနဲ့ လမ်းပတ်လျှောက်နေတုန်းပင်။

နောက်ထပ်အနားယူလိုက်သောအခါ ကျိချီကွမ်း ငြိမ်သက်သွားပြီး ယွီကျစ်ယွီကို ထပ်မံရှာဖွေရန် စီစဉ်ခဲ့သည်။

နောက်ဆုံးတော့လည်း သူက ယွီကျစ်ယွီ၏တစ်ဦးတည်းသော သူငယ်ချင်းပင်။ ယွီကျစ်ယွီက သေချာပေါက် ဂရုမစိုက်ဘဲ သူ့ကို စကားပြောဖို့ လိုလိုလားလားဖြစ်နေလိမ့်မည်။

ကျိချီကွမ်းသည် ထိုနေရာကိုသွားတော့မည်ဖြစ်သော်လည်း လူအများက သူ့ထက် ခြေတစ်လှမ်းစောနေသည်ကို တွေ့လိုက်ရသည်။

ယွီကျစ်ယွီကို စိတ်အားထက်သန်သော အတန်းဖော်များက ဝန်းရံထားသည်။

"ရိုက်ခဲ့လား၊ ရိုက်ခဲ့လား"

"ငါ ကင်မရာကို လှမ်းကြည့်လိုက်တဲ့ပုံကို ရိုက်ခဲ့သေးလား?"

"ရှေ့ကပုံလေး ငါ့ကိုပို့ပေးနိုင်မလား? ပရိုဖိုင်ပုံလေး လုပ်ချင်လို့ပါ"

ကျိချီကွမ်း အံ့အားသင့်သွားသည် - ဒီအခြေအနေက ဘာလဲ?

ထိုအချိန်တွင် နည်းပြက သူ့ဆီ သတိပေးလာသည်။ 
"ဂရုကို ကြည့်လိုက်"

စစ်ရေးလေ့ကျင့်ရေးအဖွဲ့၏ ဒုတိယကော်မတီတွင် သတင်းထုတ်ပြန်ရန်နှင့် စကားစမြည်ပြောရန် ပလက်ဖောင်းတစ်ခုအဖြစ် လုပ်ဆောင်သည့် အဖွဲ့တစ်ခုရှိသည်။ ယခုအချိန်တွင်၊ ထိုဂရုသည် ဓာတ်ပုံအယ်လ်ဘမ်တစ်ခုဖြစ်လာပြီး ဓာတ်ပုံတိုင်းသည် နေသာနေကာ ပွင့်လန်းနေသလိုပင်။

ကျိချီကွမ်း အံ့အားသင့်သွားပြီး ဒီအရာအားလုံးဟာ ယွီကျစ်ယွီဆီကဆိုတာ သိလိုက်ရတော့ သူ့ကိုပိုလို့တောင် ဆုံးရှုံးသွားစေတယ်။ သူထင်ခဲ့တာက ယွီကျစ်ယွီ ကင်မရာကိုကိုင်ထားတယ်ဆိုတာ ဟန်ဆောင်ရုံသက်သက်ဟုပင်။ ဒါပေမဲ့ ယွီကျစ်ယွီ၏ဓာတ်ပုံပညာက တော်တော်မြင့်နေမယ်လို့ သူ မမျှော်လင့်ထားခဲ့ဘူး။

ဇာတ်လိုက်နဲ့စေ့စပ်ပွဲပျက်ပြီးနောက် သူ့ဦးလေးနဲ့လက်ထပ်လိုက်တယ်Where stories live. Discover now