Ep - 7

1.4K 238 10
                                    


Unicode

အခန်း (၇) အပြစ်ပေးခြင်း

ယွီကျစ်ယွီသည် ဒီအချိန်အတောအတွင်း အခက်အခဲများကို ပြန်တွေးမိကာ သူနစ်နာသည်ဟု မကျေမနပ်ခံစားရသည်။

စောစောအိပ်၊စောစောထရကာ ဆေးရုံသို့ စောစောသွားရသည်။အိမ်မှာဆိုလည်း ကင်မရာပေါင်းများစွာနဲ့ ရိုက်ကူးခံရသည်။အပြင်ထွက်ရင်လည်း သက်တော်စောင့်များစွာရဲ့ စောင့်ကြည့်တာခံရသေးသည်။

ကင်မရာကိုရှာတွေ့ဖို့ အချိန်အများကြီး သူမယူလိုက်ရဘူး။သူ မိုဘိုင်းဂိမ်းဆော့ဖို့ အင်တာနက်ဖွင့်လိုက်ရာ ရုတ်တရက် ဝိုင်ဖိုင်မျှဝေသည့် စက်ပစ္စည်းအများပြားကိုတွေ့လိုက်ရကာ နာမည်ကိုလည်း camera12345 ဟူ၍။

ယွီကျစ်ယွီက မူလပိုင်ရှင်ဒိုင်ယာရီထဲမှာ ဘာတွေရေးထားသလဲဆိုတာကို သိချင်ခဲ့၏။ထို့ကြောင့် သူစာရွက်အစုံလိုက်ကြီးကို သန့်စင်ခန်းထဲသို့ သယ်သွားရုံသာတတ်နိုင်ခဲ့သည်။

ထိုဟာကို ကြည့်ပြီးတာနဲ့ သူပိုပြီး စိတ်ပျက်လက်ပျက်ဖြစ်လာခဲ့သည်။

ဒီထဲမှာရှိတဲ့အကုန်လုံးက သူ့ကို ဖူမိသားစုဘယ်လိုကောင်းကောင်းဆက်ဆံပုံ နဲ့ ဖူလီဖန်ကိုသဘောကျရတာ ဘယ်လောက်ပျော်လဲ ဆိုတာပင်။

ဒါက...မင်းဖွက်ထားတုန်းလားဟ?

ယွီကျစ်ယွီ သူ့ကိုယ်သူ လျှို့ဝှက်အေးဂျင့်တစ်ယောက်လို့ ခံစားလိုက်ရပြီး စတုတ္ထအဆင့် သရုပ်ဖော်စက္ကူအဖုံးပေါ်တွင် တမင်တကာထုပ်ပိုးသော ဒိုင်ယာရီကို သူ့ဘဝတစ်လျှောက်လုံး ကျောင်းသားကောင်းတစ်ယောက်လို ဟန်ဆောင်ခဲ့သော သရုပ်ဆောင်စွမ်းရည်ကို အသုံးပြုကာ...

"ဝိုး..ဒီစာရွက်က တစ်ဝက်တောင်ရေးပြီးသွားပြီ..ပစ်ဖို့အတွက် နှမြောစရာအရမ်းကောင်းတယ်..အဆင်မပြေလိုက်တာ"

ဒီအချစ်ဒိုင်ယာရီကိုခိုးယူဖို့ သူအားအများကြီးစိုက်ထုတ်ခဲ့ရတယ်။

စာရွက်နှစ်ရွက်ဖတ်ပြီးနောက် ယွီကျစ်ယွီသည် ၄င်းကိုမဖတ်နိုင်တော့ပေ။သူ အလျင်စလိုလှန်လိုက်ပြီး တစ်ခုလုံး ဖူလီဖန်နဲ့ပတ်သတ်ကြောင်း အတည်ပြုလိုက်ပြိီးနောက် ယွီကျစ်ယွီ ထိုစာအုပ်ကို ဘေးဖယ်ထားလိုက်သည်။သူ မူလပိုင်ရှင်၏မိုဘိုင်းဖုန်းကို ကြည့်လိုက်ပြီး လှည့်ပတ်ကြည့်လိုက်သော်လည်း ထိုappsများတွင် ပန်းပွင့်တွေကိုမတွေ့ရပါ။

ဇာတ်လိုက်နဲ့စေ့စပ်ပွဲပျက်ပြီးနောက် သူ့ဦးလေးနဲ့လက်ထပ်လိုက်တယ်Where stories live. Discover now