Ep - 24

905 164 7
                                    

Unicode

အခန်း (၂၄) မိဘ

ယွီကျစ်ယွီက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
"ကျွန်တော် ပါဝင်ချင်ပါတယ်၊ ကင်မရာတောင် ဝယ်ပြီးပြီ"

ကင်မရာတစ်လုံးဝယ်ဖို့က မိနစ်ပိုင်းပဲကြာတယ်။ ဖူဟန်ပေးသော 200,000 ကို အလွန်အမင်း သူ မသုံးခဲ့ပေ။ သူ့ လက်ထဲတွင်ရှိသော ကတ်သည် ရင်းရှောင်ရွီး လျှောက်ထားခဲ့သော ကန့်သတ်ချက်နည်းပါးတဲ့ ကတ်သေးသေးတစ်ကတ်နှင့် မတူပေ။ ဒါက ဖူဟန်၏အမဲရောင်ကတ်ရဲ့ တိုက်ရိုက် ဖြည့်စွက်ကတ်ပင် ဖြစ်သည်။

ယွီကျစ်ယွီသည် ဓာတ်ပုံဆိုင်တစ်ဆိုင်ဝယ်ရန် အစီအစဉ်မရှိသော်လည်း သူသည် ကင်မရာတစ်လုံးကိုတော့ အမှန်တကယ်ဝယ်လိုသည်။

သူသည် အနာဂတ်တွင် ထိုအတန်းဖော်များနှင့် ပေါင်းသင်းရမည်ဖြစ်ပြီး လွတ်မြောက်ရန်လည်းနည်းလမ်းမရှိချေ။ ဒါ့အပြင် သူက ဘာအမှားမှမလုပ်ခဲ့တာကြောင့် တခြားသူတွေရဲ့မျက်လုံးတွေကိုလည်း ကြောက်နေရန် မလိုအပ်ပေ။ သူသည် မိမိဆန္ဒအတိုင်းသာ နေထိုင်နိုင်သည်။

အချိန်ခရီးမသွားခင်တုန်းက ဂိမ်းကစားတာအပြင် သူ့အတန်းဖော်တွေနဲ့လည်း ပျော်ရွင်ခဲ့ရသည်။အချိန်ခရီးသွားပြီးတော့လည်း သူ ထိုအတိုင်းတူတူပဲ လုပ်ရမည်ကို ပျော်ရွှင်မိသည်။

ဆရာဖန်က ထပ်ပြီး သတိပေးလာသည်။
"မစ္စတာဖူရွင်းလည်း ကျောင်းပွဲအတွင်းမှာ လာလိမ့်မယ်နော်"

ဆိုလိုတာက ရှက်စရာကောင်းတဲ့လူနဲ့ ဆုံတွေ့ရလိမ့်မယ်ဟု။ ရှင်းရှင်းလင်းလင်းတွေးထားဖို့ သူ့ကိုမေးတာပင်။

ယွီကျစ်ယွီက ဂရုမစိုက်ပေ။
" သူ့ကို ဖျော်ဖြေစေချင်တာလား။ ကောင်းပြီလေ၊ အသိမိတ်ဆွေတွေနဲ့ စကားပြောရတာ လွယ်ပါတယ်"

"......."
ဆရာဖန်က တုန်လှုပ်သွားပြီး စကားမပြောနိုင်လောက်အောင် ဆွံ့အသွားချေသည်။

ဆရာဖန် စကားမပြောတာကြာပြီကို ယွီကျစ်ယွီရှာတွေ့သွားပြီး မေးလိုက်သည်။
"ဟယ်လို၊ လိုင်း မကောင်းဘူးလား?"

"ဟုတ်တယ်"

ဆရာဖန်က ခြောက်ကပ်စွာ ရယ်လိုက်ပြီး..
"မဟုတ်ဘူး၊ ငါက အကြောင်းတရားကိုပြောပြရုံပါပဲ၊မင်း အဆင်ပြေတယ် ထင်ရင်လာခဲ့လေ"

ဇာတ်လိုက်နဲ့စေ့စပ်ပွဲပျက်ပြီးနောက် သူ့ဦးလေးနဲ့လက်ထပ်လိုက်တယ်Where stories live. Discover now