Ep - 31

700 124 5
                                    

Unicode

အခန်း (၁၆) သူငယ်ချင်း

ကျိချီကွမ်းသည် ယွီကျစ်ယွီ၏ သူငယ်ချင်းဖြစ်သည်ကို အတန်းဖော်များအားလုံးသိကြ၏။

ဤသူငယ်ချင်းသည် စေ့စပ်ပွဲသို့ ဖိတ်ကြားခံရသည့် တစ်ဦးတည်းသော အတန်းဖော်ဖြစ်၏။ သူပြန်လာသောအခါ ယွီကျစ်ယွီရဲ့ စွန့်ပစ်ခံရခြင်း၏ ကြေကွဲဖွယ်အခြေအနေအား ကွက်ကွက်ကွင်းကွင်းကို ဖော်ပြခဲ့သည်။

လူတိုင်းက ဒါကို နားထောင်လိုက်ပြီးတော့ ကျိချီကွမ်းက ကျိုးကြောင်းဆီလျော်မှုမရှိဘူးလို့ တိတ်တိတ်လေး ခံစားလိုက်ရတယ်- ကျိချီကွမ်းက 'ယွီကျစ်ယွီ၏သူငယ်ချင်း' ဆိုသော အထောက်အထားကို မှီခိုပြီး စေ့စပ်ပွဲအခမ်းအနားရဲ့ ဖိတ်စာကိုရရှိခဲ့သည်။ပြီးတော့ သူက သူ့ခေါင်းကိုလှည့်ပြီး သူငယ်ချင်းဆိုသူကို ယုတ္တိမရှိပဲ အကြင်နာမဲ့စွာ နောက်ကျောကိုဓားနဲ့ထိုးသည်။

ထို့ကြောင့် ကျိချီကွမ်းသည် ယူကျစ်ယွီထံသို့ ချဉ်းကပ်လာသောအခါတွင် အကြီးဆုံးရှိုးပွဲကို ကြည့်ရန် စောင့်ဆိုင်းနေသကဲ့သို့ ထိုနှစ်ယောက်ဆီသို့ သူတို့မျက်နှာတွေကိုလှည့်ထားကြသည်။

ယွီကျစ်ယွီက ပုံမှန်လမ်းအတိုင်း မလျှောက်ဖို့ ဆုံးဖြတ်ပြီး "ငါ လက်ကိုင်ဖုန်း မဝယ်ချင်သေးဘူး"ဟု ပြောခဲ့သည်။

လူတိုင်းက ဘယ်လိုတုံ့ပြန်ရမှန်းမသိဘဲ အံ့အားသင့်သွားကြပေမယ့် ကျိချီကွမ်း ရဲ့ ခြေထောက်အဟန့်အတား ဖြစ််နေတာကိုတွေ့တော့ အကျယ်ကြီးအော်ရယ်လာကြသည်။

ကျိချီကွမ်းက သူသည် ခိုင်မာစွာ မတ်တပ်ရပ်နေသော်လည်း ပြုတ်ကျသည်ထက် ပို၍ အရှက်ရသွားသည်ဟု ခံစားလိုက်ရသည်။

သူ ဒေါသထွက်သွားပြီး ပြန်အော်လာခဲ့သည်။
"ဘယ်သူ ဖုန်းရောင်းတာလဲ! ငါ အဲ့ပိုက်ဆံမချို့တဲ့နေဘူး!"

ကျိချီကွမ်းသည် စိတ်လှုပ်ရှားလွန်းသဖြင့် ပြင်းထန်စွာအော်လိုက်ရာ သူ့တစ်ကိုယ်လုံး တုန်ခါနေပြီး သူ့အသံတောင် ကွဲတော့မလိုပင်။ သူ့အမူအရာက ပြင်းထန်နေပြီး မျက်နှာနီရဲလာကာ သွေးကြောတွေ ပေါက်ထွက်တဲ့အထိ သူ့လက်သီးတွေကိုလည်း ဆုပ်ထားတယ်။

ဇာတ်လိုက်နဲ့စေ့စပ်ပွဲပျက်ပြီးနောက် သူ့ဦးလေးနဲ့လက်ထပ်လိုက်တယ်Where stories live. Discover now