Ep - 30

807 123 15
                                    

Unicode

ရံဖန်ရံခါတွင် သူသည် လေအိုးလေးကို ရယ်စရာကောင်းသည်ဟု တွေးမိသော်လည်း အများစုမှာ လေအိုးလေးသည် ပြဿနာများပြီး စိတ်အနှောက်အယှက်ဖြစ်စေသည်ဟု သူထင်သည်။ ဒါဟာ တစ်စုံတစ်ယောက်ကို သဘောကျတာ မဟုတ်ပေ။

လော့ခိုင်က သက်ပြင်းချရင်း "ကောင်းတယ်။ သူက တကယ် ရုပ်ရည်ကောင်းပေမယ့် တခြားကဏ္ဍတွေမှာ လုံးဝကို အထင်ကြီးစရာ မရှိဘူး၊ ငါကြားတာကတော့ ဖူရွင်းမျက်နှာကြောင့် သူ Xတက္ကသိုလ်ဝင်ခွင့်စာရင်းသွင်းတာတောင် အဲ့လောက်မခက်ခဲခဲ့ဘူး၊ သူရမှတ်မြင့်မြင့်နဲ့ ကောလိပ်တက်ဖို့တောင် မတတ်နိုင်ဘူး"

ဖူဟန်က လေအိုးလေးဘယ်လောက်တောင် စိတ်အနှောင့်အယှက်ပေးသလဲဆိုတာတွေးလိုက်ပြီး ပြန်ဖြေလိုက်သည်။
"အင်း...သူ့လောက်တောင်မကောင်း...ဘယ်သူပါလိမ့်"

ဖူဟန်က သူချိန်းတွေ့ဖို့ ကြိုးစားခဲ့တဲ့ သူ့ex အကြောင်း ပြောပြချင်ခဲ့တယ်။ သူ့exကို Blind dateမှာတွေ့တာဖြစ်ပြီး သူ့ကိုမိတ်ဆက်ဖို့ဆိုရင် ပညာရပ်ဆိုင်ရာ အရည်အချင်းတွေကို အောင်ပြီးသားဖြစ်ရလိမ့်မည်။ သို့သော် သူသည် နာမည်နဲ့ ထိုလူ၏မျက်နှာကိုပင် မမှတ်မိတော့ပေ။

လော့ခိုင်သည် ဤအကြောင်းကို မပြောချင်တော့ဘဲ အကြောင်းအရာကို ပြောင်းလဲလိုက်သည်။
"မင်း ခါးပတ်ကွင်းကို ဖယ်ဖို့ သူနာပြုကို ငါမေးရလိုက်ရမလား?"

"အင်း"

ဖူဟန်က ကွင်းစွပ်ကို ဖယ်လိုက်ပြီးနောက် သူရေချိုးလိုက်ပြီး အဝတ်အစားလဲလိုက်တယ်။ အပြင်မှာ ပြေးလွှားနေခဲ့ရသော ဖုန်မှုန့်တွေကို ဖယ်ရှားပြီးတဲ့ နောက်မှာတော့ သူလန်းဆန်းလာပြီး လေအိုးလေး ဘာတွေလုပ်နေလဲဆိုတာကို သိချင်စိတ်တောင်ဖြစ်လာသည်။

မျှော်လင့်ထားသည့်အတိုင်း၊ လေအိုးလေးသည် ချက်ပြုတ်နေခဲ့သည်။

သူ့မျက်နှာထက် နှစ်ဆပိုကြီးတဲ့ ပန်းကန်လုံးကြီးတစ်လုံးနဲ့ ချက်နေတာပင်။

လေအိုးလေးက သူ့ကိုမြင်တော့ ရုတ်တရက်  ခုန်တတ်သွားပြီး..
"လောင်ကုန်း ခင်ဗျားဒီမှာပဲ! ဒီ bibimbapက အရသာရှိတယ်၊ ခင်ဗျား အရသာပြင်းပြင်းမကြိုက်ရင် ဆော့စ်ပြောင်းလိုက်လို့ရတယ်၊ အချဥ်တွေကို ဖယ်ပြီး ကြေအောင်ရောမွှေလိုက်၊ ကြက်သားလည်း အရသာရှိတယ်နော်..."

ဇာတ်လိုက်နဲ့စေ့စပ်ပွဲပျက်ပြီးနောက် သူ့ဦးလေးနဲ့လက်ထပ်လိုက်တယ်Where stories live. Discover now