Ep - 2

1.6K 259 14
                                    

Unicode

အခန်း (၂) ဝန်ခံခြင်း

ဆေးရုံတစ်ခုရဲ့ VIPလူနာဆောင်ဧရိယာမှာ

ဒီမှာအရမ်းကိုတိတ်ဆိတ်နေတယ်၊ သူနာပြုတွေစားပွဲရှေ့မှာ သူတို့ရဲ့တာဝန်ကိုလုပ်နေတဲ့တိုးညှင်းသောအသံနဲ့ သက်တော်စောင့်တွေရဲ့ ရှေ့နောက်လျှောက်နေတဲ့ခြေသံတွေပဲရှိသည်။

အတွင်းအကျဆုံး အထူးကြပ်မတ်ကုသဆောင်တွင် ဖူဟန်အမည်ရှိသည့်လူနာတစ်ဦးရှိသည်။

ဖူဟန်သည် ဖူgroup ကိုတည်ထောင်ခဲ့ပြီး ပိုင်ဆိုင်မှုဘီလီရာချီရှိသော မစ္စတာဖူ၏အငယ်ဆုံးသားဖြစ်သည်။သူက ကားမတော်တဆမှုကြောင့် အပင်လူသားဖြစ်သွားပြီး နှစ်နှစ်ကြာအောင်အိပ်ယာထဲလဲနေခဲ့သည်။

[T/N - vegetative person(အပင်ဘဝရောက်နေသောသူ) = သတိမေ့နေတဲ့သူ (တစ်နည်း) comaဖြစ်နေတဲ့သူကိုပြောတာပါ]

ဒီကားမတော်တဆမှုဟာ လူတော်တော်များများရဲ့အမြင်မှာ ထူးဆန်းနေသည်။

ဘယ်လိုတောင် မတော်တဆမှုက တိုက်တိုက်ဆိုင်ဆိုင်ပင်ဖြစ်ပွားခဲ့သည်။ မစ္စတာဖူသည် ရောဂါကြောင့်ဆုံးပါးသွားခဲ့ပြီး အမွေဆက်ခံပိုင်ခွင့်ရှိသော သူ၏ဒုတိယသား ဖူဟန်နှင့် ရူရှန်းတို့သည်လည်း ယာဥ်မတော်တဆဖြစ်ခဲ့သည်။တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာအပြင်းအထန်ရကာ လုံခြုံပြီးကောင်းမွန်သောသားအကြီးဆုံး ဖူရွင်း သည် မိသားစုလုပ်ငန်းအများစုကို အမွေဆက်ခံခဲ့သည်။

[T/N - ဒီမှာ ရူရှန်းကဘယ်သူလဲဆိုတာမပြောထားပါဘူး၊ ကိုယ်လည်းဖတ်ရင်းဘာသာပြန်တာကြောင့်မသိပါဘူး ><]

သို့သော်လည်းရဲတပ်ဖွဲ့သည် ကျန်ရှိနေတဲ့သက်သေအထားတွေကို အခြေခံကာစုံစမ်းစစ်ဆေးပြီး ဒီလိုသာကောက်ချခဲ့သည်။
"ဒရိုင်ဘာက သူ့ကို ဖူဟန်အလုပ်ဖြုတ်လိုက်လို့ လက်တုံ့ပြန်ခဲ့ခြင်းဖြစ်ပြီး ဖူရွင်းနှင့်ဘာမျှမဆိုင်ဘူး"ဟူ၍။

ဖရဲစေ့စားသူများလည်း အရပ်မျက်နှာအသီးသီးသို့ပျံ့နှံ့သွားကြသည်။သို့သော် ဖူဟန်၏ဦးလေးကတော့ ဖူရွင်းကလူသတ်မှုကျူးလွန်သူလို့ ခံစားနေရပြီး စိတ်လေးနေခဲ့တယ်။သက်ရှိထင်ရှားဖြစ်နေတဲ့ဖူဟန်ကိုကာကွယ်ရန်အတွက် သက်တော်စောင့်များကို ဆေးရုံသို့ပို့ထားကာ ဖူဟန်ကိုစောင့်ရှောက်စေသည်။

ဇာတ်လိုက်နဲ့စေ့စပ်ပွဲပျက်ပြီးနောက် သူ့ဦးလေးနဲ့လက်ထပ်လိုက်တယ်Where stories live. Discover now