Ep - 27

836 146 9
                                    

Unicode

အခန်း (၁၄) ဓာတ်ပုံ

[T/N - အခန်းက ရေးထားတာ မှန်ပါတယ်နော်.. အခုမှ 14ပဲရှိသေးတာပါရှင်..ရှေ့ကအခန်းတွေကို နောက်အားမှလိုက်ပြင်ပေးမယ်နော်]

ယွီကျစ်ယွီသည် ပုခုံးပေါ်မှ ပွေ့ဖက်ခံလိုက်ရပြီး ချက်ချင်း ပြန်ပွေ့ဖက်လိုက်သည်။

ရင်းနှီးသောမြင်ကွင်းများသည် ပူးပေါင်းဆောင်ရွက်မှု လိုအပ်သည်။ သူ ပူးပေါင်းဆောင်ရွက်နေစဉ်တွင် ဖူဟန်ရဲ့ခါးသည် ပိန်လား မပိန်လားဆိုတာကိုလည်း တွေ့မြင်နိုင်သည်။ ယင်းက အလွန်တန်ဖိုးရှိလှသည်။

သို့သော် သူထိလိုက်သော အရာသည် ဖူဟန်၏ ခန္ဓာကိုယ်မဟုတ်ပဲ မာကျောသော အရာဝတ္တုလေးတစ်ခုက သူ့လက်ကို လာရိုက်မိသည်။သူ အံ့သြသွားပြီး ထိုအရာက ခါးပတ်ကဲ့သို့ တစ်ခုခုနှင့်တူပြီး သူ ထပ်ပြီး ထိချင်ခဲ့သည်။ ဒါပေမဲ့ သူ့ပုခုံးပေါ်က လေးလံတဲ့အင်အားတစ်ခုက သူ့ကိုရပ်တန့်စေခဲ့သည်။

"ဟမ်"
ယွီကျစ်ယွီ နာကျင်စွာ ညည်းညူလိုက်ပြီး လှည့်ကြည့်လိုက်သည်။

ဖူဟန်၏ မျက်လုံးများက အေးစက်နေသော်လည်း သူ့အသံက နူးညံ့သိမ်မွေ့နေသည်။
"မကြောက်ပါနဲ့ ကိုယ့်စကား နားထောင်"

အဓိကအချက်က "ကိုယ့် စကားနားထောင်"ပင်။

ယွီကျစ်ယွီသည် ဖူဟန်၏ ဆိုလိုရင်းကို သိပြီး လှုပ်ရှားမည့် သူ့လက်ကို ပြန်ရုတ်လိုက်သည်။

တစ်ဖက်တွင် ဖူရွင်းသည် သူတို့ရဲ့တုံ့ပြန်နေမှုကို သည်းမခံနိုင်တော့ပဲ စိတ်ဆိုးလာခဲ့သည်။
"ဘာဇနီးလဲ! ဖူဟန် မင်းဘာလို့သူနဲ့အတူ လိုက်ရူးနေတာလဲ!"

ဖူဟန်က ရှက်ရွံ့စွာ ပြုံးပြီး ဖူရွင်းကို ကြည့်ကာ ရယ်သွမ်းသွေးလိုက်သည်။
"မင်းကမှ ရူးတာ"

"မင်း... မေ့လိုက်တော့ ကားပေါ်တက်ပြီး စကားပြောကြရအောင်"

ဖူရွင်းက ကြိမ်းမောင်းချင်သေးသော်လည်း ပတ်ဝန်းကျင်တွင် တစ်ယောက်ယောက်ကို တွေ့လိုက်သောအခါ ရပ်သွားသည်။ထိုအကြောင်း စဉ်းစားပြီးတဲ့အခါ ဒီနေရာမှာ စကားပြောရတာ မသင့်တော်ဘူးလို့ ခံစားမိတဲ့အတွက် ဖူဟန်နဲ့ ဆွေးနွေးဖို့ ကားကို ညွှန်ပြလိုက်တယ်။

ဇာတ်လိုက်နဲ့စေ့စပ်ပွဲပျက်ပြီးနောက် သူ့ဦးလေးနဲ့လက်ထပ်လိုက်တယ်Where stories live. Discover now