Arc 2.8(ယူချင်း)

4.5K 555 28
                                    

Zawgyi ~

နယ်စပ်တွင်သောင်းကျန်းသော ဓားပြများအားအောင်မြင်စွာနှိမ်နင်းပြီးနောက် စစ်သူကြီးဝူကျန့်ဦးဆောင်သောတပ်ဖွဲ့သည် နန်းမြို့တော်သို့ပြန်လည်ချီတက်လာခဲ့သည်။ ပြန်လာရာလမ်းတစ်လျှောက်တွင်လည်း ဝူကျန့်တစ်ယောက် ယူချင်းနားတွင်အချိန်ပြည့်ရှိနေကာဂရုစိုက်နေတော့သည် ။

"System စစ်သူကြီးကဘာဖြစ်နေတာလဲ ငါ့ကို ဟိုဟာလုပ်​ပေးဒီဟာလုပ်ပေးနဲ့တစ်လမ်းလုံးလိုက်ဂရုစိုက်နေတာ သူကကိုယ်ရံတော်လား ငါကကိုယ်ရံတော်လည်းပြန်စဉ်းစားယူနေရတယ်"

System: "အဲ့တော့ Host မသက်သာဘူးလား"

"ဟီး သက်သာတာပေါ့ "

ထိုအချိန်စစ်သူကြီးမှ
"ငါတို့ဒီည ဒီမှာပဲနားမယ် မနက်ဖြန်လောက်ဆို နန်းမြို့တော်ပြန်ရောက်ပါပီ အားလုံးနားကြတော့ "

"ဟုတ်ကဲ့ စစ်သူကြီး"

"စစ်သူကြီး ကျွန်တော်တို့ ဟိုနားကစမ်းချောင်းမှာ ကိုယ်လက်သန့်စင်လို့ရမလားဗျ" ဟုဆိုကာ တပ်မှူးတစ်ယောက်ကမနီးမဝေးရှိစမ်းချောင်းတစ်ခုအားညွှန်ပြလိုက်လိုက်သည်။

"အင်း ရတယ်....
အကုန်တော့မသွားကြနဲ့ တစ်ဝက်စီခွဲသွားကြ"

အသန့်ကြိုက်သောကယ်ရီလည်း ရေဆိုသည့်အသံကြားသည်နှင့် လှစ်ခနဲသွားမည်အလုပ် မိမိအားလှမ်းဆွဲထားသော စစ်သူကြီး
"ဘာလုပ်မလို့လဲ"
"ရေသွားချိုးမလို့လေ စစ်သူကြီး
ဘာဖြစ်လို့လဲ"

"အခုက လူများသေးတယ်
ပြီးမှ ကိုယ်နဲ့သွားချိုးမယ်"
"ဗျာ......ဟုတ်ကဲ့ "

"လည်ပင်းကဒဏ်ရာကနာနေသေးလား"
"မနာတော့ပါဘူး ကျွန်တော်ကဘယ်သူလဲ
စစ်သူကြီးရဲ့ကိုယ်ရံတော်လေ ဒီဒဏ်ရာလောက်ကတော့ အသာလေးပါ"

System: "ဆေးအလကားတိုက်ထားတာ point တောင်းချင်အောင်မလုပ်နဲ့ "

တပ်သားများအားလုံးအနားယူချိန်ရောက်သောအခါ ကယ်ရီနှင့်ဝူကျန့် စမ်းချောင်းနားသို့ထွက်လာခဲ့သည် ။ ကယ်ရီလည်း ရေမချိုးရတာသုံးရက်လောက်ရှိနေပြီဖြစ်သောကြောင့် အဝတ်စားများအလျှင်မြန်ချွတ်ကာ အတွင်းဝတ်တစ်ထည်တည်းနဲ့ရေထဲသို့ခုန်ပေါက်ပြေးဆင်းသွားလေသည် ။ (AN-ကျွန်မသားလေးကိုချွတ်မချိုးခိုင်းနိုင်ပါဘူးနော်)

SYSTEM 286 (On going)Where stories live. Discover now