Arc 1.8(မင်ရှီး)

8.1K 1K 23
                                    

Zawgyi

ကယ်ရီတို့ ရေခဲမုန့်စားရင်း စကားတွေအများကြီးပြောဖြစ်သည်..။ ဇာတ်လိုက်က ထင်သလိုမဟုတ်ဘဲနဲ့ ပေါင်းရတာလွယ်သည် (ရှင့်မလို့လေ 🌚) ကယ်ရီအရင်က သူငယ်ချင်းတစ်ယောက်မှမရှိခဲ့ပေ။ ငယ်ငယ်က မိဘမဲ့ကျောင်းတွင်စိတ်ဒဏ်ရာရခဲ့သောကြောင့် သူငယ်ချင်းထားရမှာကိုကြောက်သည်။ ကျောင်းတွင်လည်းမည်သူကိုမှစကားမပြော။ ထို့ကြောင့်မိမိအား မိဘမဲ့ကောင်ကမာနကြီးနေလိုက်တာဟုဆိုကာ ရှောင်ဖယ်ကြသည်..အနိုင်ကျင့်ကြသည်..။ ဤကမ္ဘာ သို့ရောက်လာသောအခါတွင် ကျန်းချန်သည် မိမိ၏ ပထမဆုံးသူငယ်ချင်းဖြစ်သည်..။ ယခု ဟန်ယွင်ဆိုသည့် ဒုတိယသူငယ်ချင်းထပ်ရလာခဲ့သည်...။

ကယ်ရီ နေရတာအဆင်မပြေဖြစ်လာသောကြောင့် ဟန်ယွင်အားသန့်စင်ခန်းခဏဟုပြောကာထွက်လာခဲ့သည်...။

"ငါဘာဖြစ်နေတာပါလိမ့်...အသက်ရှူရတာခက်လာသလိုပဲ..System! System! "

"အာ....နာရီဝက်ပြည့်ဖို့ ငါးမိနစ်လိုသေးတယ် "

ကယ်ရီရပ်ပင်မရပ်နိုင်တော့ ထိုင်နေရင်းနံရံကိုမှီထားရသည်..ထိုစဉ်

System: "Host ကျွန်တော်ပြန်ရောက်ပီ..Host..ဘာဖြစ်တာလဲ.."

"ငါလည်းမသိဘူး... ရုတ်တရက် အသက်ရှုကြပ်လာတာ..လုပ်ပါအုံး "

System: "Host ဘာတွေစားထားသေးလဲ.. မတည့်တာတွေများစားထားတာလား "

"ငါဘာမှမစားဘူး....ဒူးရင်းရေခဲမုန့် တစ်မျိုးပဲစားရသေးတယ် "

System: "Host ရူးနေလား....ဒီကိုယ်ကဒူရင်းနဲ့မတည့်ဘူးလေ..ဘာလို့သွားစားတာလဲ.."

"ငါမှမသိတာ...System.. ငါမျက်လုံးတွေဝါးလာပီ...ငါသေတော့မှာလားဟင်.."

System: "စားတုန်းကစားပီ..ဆေးရှိတယ်..ဝယ်မလား point 50.."

"ငါ့မှာpointမှမရှိတာ.."

System :"Host စောနမစ်ရှင်အောင်ထားလို့ point 150 ရထားတယ်လေ..အဲ့ထဲကဖြတ်မှာ.."

"အဲ့တာကို လေရှည်နေတယ် မြန်မြန်ပေး...ဒီမှာအသက်ရှူကြပ်လို့သေတော့မယ် "

ထိုစဉ် သန့်စင်ခန်းထဲသို့ ဟန်ယွင် ရောက်လာသည်..။

" မင်ရှီး.... မင်ရှီး.. ဘာဖြစ်တာလဲ.. ကိုယ်ပြောတာကြားလား "

SYSTEM 286 (On going)Where stories live. Discover now