Zawgyi
ကယ်ရီမနက် ကျောင်းရောက်တော့
"ခွေးကောင်....ပြောပါအုံး
တစ်ပတ်လောက်ခွင့်တိုင်ပီး မင်းဘာတွေလုပ်နေတာလဲ " ကျန်းချန် ကယ်ရီလည်ပင်းအားချုပ်ကာမေးလိုက်သည်..။"အစ်...သေတော့မှာပဲ လွှတ်အုံးလေကွာ..ငါပြောပြပါ့မယ်...." ကယ်ရီ ထိုငနာလေးအားအကြောင်းစုံရှင်းပြလိုက်သည်..။
"ဟာ..မင်းအဒေါ်ကဘယ်လိုကြီးလဲ...အဲ့လိုတော့မလုပ်သင့်ပါဘူး..
ဒါနဲ့ စီနီယာ ဟန်ယွင် အိမ်မှာနေရတာဘယ်လိုနေလဲ....မင်းတို့ကြိုက်နေကြတာလား..မင်းတို့ဘယ်အဆင့်ထိရောက်သွားပီလဲ ""ဘာတွေမေးနေတာလဲ.....
နောက်တစ်ခါ အဲ့လိုမျိုးမပြောမိစေနဲ့
အကိုဟန်ယွင်က ငါဒုက္ခရောက်နေလို့ ကူညီပေးထားတာ.. မင်းကအဲ့လိုပြောတော့ သူကြားသွားရင်မကောင်းဘူးကွ ""ဒုက္ခရောက်တိုင်းကူညီနေရင် စီနီယာအိမ်ကအခုဆို ဒုက္ခသည်စခန်းတောင်ဖြစ်နေလောက်ပီ..
ငါထင်ရင်လွဲခဲတယ်နော် မနက်ကလည်းသူမင်းကိုကျောင်းလိုက်ပို့တာ ငါတွေ့လိုက်တယ်...သူမင်းကိုကြည့်နေတဲ့အကြည့်တွေကမရိုးဘူးနော် ""တော်ပီ..မဟုတ်တာတွေမပြောနဲ့ ဆရာလာတော့မယ် စာအုပ်ထုတ်တော့ ဒါနဲ့ အကိုချင်းချိုးရော မရောက်သေးဘူးလား "
"ရောက်တာက ရောက်နေလောက်ပီ...ကြည့်ရတာပီကေမကိုခွာနေလို့ကြာနေတာထင်တယ် "
"ဟမ်...ပီကေမ?
ဘယ်သူကြီးတုန်း...ကျောင်းသူအသစ်လား ""ဘယ်သူရှိရမှာလဲ ယူရီလေ "
"ဟမ်...အကိုချင်းချိုးက ယူရီကိုလိုက်နေတာမဟုတ်ဘူးလား
ဘယ်လိုကြောင့် ယူရီက ပီကေမဖြစ်သွားတာလဲ ""ငါရှင်းပြမယ်....မင်းခွင့်ယူထားတဲ့တစ်ပတ်အတွင်းမှာကိစ္စတော်တော်များများဖြစ်သွားတယ် ...
တကယ်တော့ အကိုချင်းချိုးက ဝန်ကြီးချုပ်ရဲ့တစ်ဦးတည်းသောမြေးပဲ...သူ့အမေက သူမွေးပီးပီးချင်းဆုံးသွားတယ်...သူ့အဖေကလည်း သူအလယ်တန်းလောက်ကဆုံးသွားတာ သူများတွေပြောတာကတော့ လုပ်ကြံခံရတယ်လို့ပြောတာပဲ...ထားပါဒါက.
သူ့အဖေဆုံးသွားပီးတဲ့နောက်ပိုင်း သူ့အဖိုးကပဲသူ့ကိုစောက်ရှောက်ခဲ့တယ်..မိဘနှစ်ပါးမရှိတဲ့နောက်ပိုင်း သူလည်းဆိုးသွမ်းပီး လူမိုက်ပေါက်စလုံးလုံးဖြစ်နေတာလေ...
အသက်ကငါတို့ထက်ကြီးပီး ငါတို့နဲ့တစ်တန်းတည်းတက်နေရတာကိုကြည့်လေ.. သူက သူ့နောက်ကြောင်းကိုဘယ်သူ့မှမပြောဖူးတော့ ဝန်ကြီးချုပ်ရဲ့မြေးဆိုတာ ဘယ်သူမှမသိဘူးလေ "
YOU ARE READING
SYSTEM 286 (On going)
Randomကယ်ရီတစ်ယောက် ကလေးငယ်တစ်ဦးအားကယ်တင်ရင်း ကားမတော်တဆဖြစ်ပွားခဲ့ရာမှ System 286 နှင့်ချိတ်ဆက်မိသောအခါ..... ဒီ ficလေးမှာ ကယ်ရီတစ်ယောက် မစ်ရှင်တွေထမ်းဆောင်ရင်း ဘယ်လိုအခက်ခဲတွေ၊ပျော်ရွှင်မှုတွေကြုံတွေ့ရမလဲ နောက်ပြီးအချစ်ကိုဘယ်လိုရှာဖွေတွေ့ရှိမလဲ Title...