Zawgyi
"သခင်လေး အခုတလောကျွန်တော်တို့နောက်ကို နောက်ယောင်ခံလိုက်နေတဲ့သူတွေရှိနေပါတယ်...အဲ့လူတွေက သခင်လေးမင်ရှီးနောက်ကိုလဲလိုက်နေကြတယ် "
"တောက်....အဘိုးကြီးက အေးအေးချမ်းချမ်းနေချင်ပုံမရဘူးထင်တယ်..မင်ရှီးနောက်ကိုကာကွယ်ဖို့လူထပ်ထည့်ပေးထားလိုက် အဘိုးကြီးကဘာလုပ်မလဲဆိုတာမသိသေးဘူး "
"ဟုတ်ကဲ့ သခင်လေး "
ကော်ဖီဆိုင်တွင်
"မင်ရှီး ....မောင်လေးရောက်လာပီလား ...အခုမှပဲအမတို့ဆိုင်လေးပြည့်စုံသွားတော့တယ်..စောနတုန်းကဆိုင်ထဲမှာတစ်ခုခုလိုနေတာ..ဘာလိုနေမှန်းစဉ်းစားမရဘူး...လတ်စသတ်တော့မောင်လေးဖြစ်နေတာကို.."
"အာ...အမလင်းကတော့နောက်ပီ "
ထိုစဉ်ဆိုင်ထဲသို့ဝုန်းဒိုင်းကြမ်းဝင်လာသော ဝမ်ဝမ်
"ဘယ်မှာလဲ ဟိုပိုင်းလုံးကောင်...ထွက်ခဲ့စမ်း.."
"ဧည့်သည်.... တခြားလူတွေလည်းရှိနေတာမလို့ ကျေးဇူးပြုပြီး ဒီလိုမလုပ်ပါနဲ့.."မန်နေဂျာလင်း ပြေပြေလည်လည်ပြောလိုက်သည်..။
"အမလင်း...ဘာဖြစ်တာလဲ "
ဖြန်း!!!!!!!
ဝမ်ဝမ် ကယ်ရီအား ပါရိုက်လိုက်သည်..။"နင်ယောက်ျားမဟုတ်ဘူးလား...နင်အရှက်မရှိဘူးလား...ယောက်ျားတန်မဲ့နဲ့ကိုကိုဟန်ယွင်ဆီကချူစားနေတယ်..ရွံဖို့ကောင်းလိုက်တာ "
"မင်းဘာတွေပြောနေတာလဲ
ငါဘယ်မှာချူစားနေလို့လဲ""ငါမသိဘူးများထင်နေလား...နင်ကိုကိုဟန်ယွင်းကိုမြူစွယ်ပီး နင့်အဒေါ်ရဲ့အကြွေးတွေကိုဆပ်ခိုင်းထားတာလေ..ပီးတော့ အိမ်ပေါ်တောင်တက်နေလိုက်သေးတယ်...နင်မှာအရှက်တရားတစ်စက်မှမရှိဘူးလား အပျက်ကောင်ရဲ့...ငါနင့်ကိုသတိပေးလိုက်မယ် အခုချက်ချင်း ကိုကိုဟန်ယွင်အိမ်ပေါ်ကနေဆင်း....ထပ်ပီးလည်းမပတ်သတ်နဲ့ " ဝမ်ဝမ်ပြောချင်ရာပြောပီးဆိုင်ထဲမှထွက်သွားသည်..။
ဆိုင်မှာရှိနေသည့် ဧည့်သည်တွေကလည်း ကယ်ရီအားကြည့်ကာတိုးတိုး တိုးတိုးနှင့်ပြောနေကြသည်...ကယ်ရီဘဝမှာ ဒီလိုလူကြားထဲအရှက်ခွဲခံရတာ ဒါပထမဆုံးဖြစ်သည်..။ ကယ်ရီထိန်းထားတဲ့ကြားထဲကမျက်ရည်တွေလည်းကျလာသည်..။ ရှက်တဲ့စိတ်ကြောင့် ဆိုင်ပြင်ကိုပြေးထွက်ခဲ့သည်..။ ထို့နောက် taxi ငှါးပီး မိမိတိုက်ခန်းဟောင်းဆီသို့ပြန်လာခဲ့သည်..။ လမ်းတွင်လည်း မျက်ရည်များထိန်းမရ...
YOU ARE READING
SYSTEM 286 (On going)
Randomကယ်ရီတစ်ယောက် ကလေးငယ်တစ်ဦးအားကယ်တင်ရင်း ကားမတော်တဆဖြစ်ပွားခဲ့ရာမှ System 286 နှင့်ချိတ်ဆက်မိသောအခါ..... ဒီ ficလေးမှာ ကယ်ရီတစ်ယောက် မစ်ရှင်တွေထမ်းဆောင်ရင်း ဘယ်လိုအခက်ခဲတွေ၊ပျော်ရွှင်မှုတွေကြုံတွေ့ရမလဲ နောက်ပြီးအချစ်ကိုဘယ်လိုရှာဖွေတွေ့ရှိမလဲ Title...