Arc 4.8(ပိုင်ရှီရှန်း)

381 41 8
                                    

Unicode

ပြိုင်ပွဲပုံစံမှာ ရှုံးထွက်ပြိုင်ရသည့်ပုံစံမျိုးဖြစ်ပြီး ပြိုင်ဖက်ရွေးချယ်ရသည့် ပုံစံမှာမူ မဲနှိုက်၍ရွေးချယ်ခြင်းဖြစ်သည် ။ အနိုင်ရရှိသူ ထွက်ပေါ်လာပါက တခြားသူများက ထိုသူအား စိန်ခေါ်ပြိုင်ပွဲပြိုင်ခွင့်ရှိသည် ။ စိန်ခေါ်သူအနိုင်ရရှိခဲ့ပါက ပထမနေရာအား ထိုစိန်ခေါ်သူပိုင်ဆိုင်ခွင့်ရှိသည်။ယခင်နှစ်က မူလကိုယ်မှာ ပြိုင်ပွဲတွင်အနိုင်ရရှိခဲ့သည့်ဟယ်စစ်ယွမ်အားစိန်ခေါ်ကာ ခွေးလိုနွားလိုအရိုက်ခံခဲ့ခြင်းဖြစ်သည်...

"ငါနိုင်မယ်ထင်လား"

[ Host မနိုင်လို့မရဘူးနော် မစ်ရှင်က ပထမရဖို့နော် မဟုတ်ရင် နောက်ပြိုင်ပွဲအတွက်နှစ်တွေအများကြီးထပ်စောင့်ရလိမ့်မယ်]

"ဇာတ်လိုက်ရော ဇာတ်လိုက်မရော ငါနဲ့မတိုးစေနဲ့ နှစ်ယောက်လုံးကို ဝက်ခေါင်းပုံထွက်အောင်ရိုက်ပစ်မယ်"

[မိန်းကလေးကိုရော ရိုက်မှာပေါ့ Host လူဆိုးကောင်]

ကယ်ရီ system နှင့်စကားပြောနေစဥ် ဇာတ်လိုက်မ ပြိုင်ရသည့်အလှည့်သို့ရောက်လာခဲ့သည်။ ရွှေလက်ချောင်းများပိုင်သည့် ရွှေပေါင်လုံးကြီးကိုဖက်ထားခွင့်ရတဲ့ဇာတ်လိုက်မမှာ ဇာတ်လိုက်ပေးထားသော မှော်လက်နက်များအကူအညီဖြင့် ပြိုင်ဖက်အား တစ်ချက်တည်းနှင့်ပင်အလွယ်တကူအနိုင်ရခဲ့ကာ သူ၏ရွှေပေါင်လုံးပိုင်ရှင်မှာလည်းထိုနည်းလည်းကောင်းပင်ဖြစ်သည်။ ထို့နောက် တခြားဂိုဏ်းအချင်းချင်းပြိုင်သည့်ပြိုင်ပွဲများလည်းပြီးသွားကာ အနိုင်ရသူအသီးသီးထွက်ပေါ်လာခဲ့သည်...

"နောက်ပွဲစဥ် မဟူရာဂိုဏ်းမှပိုင်ရှီရှန်းနှင့် ရွှေဖားပြုတ်ဂိုဏ်းမှရှောင်းရှောင်"

ကယ်ရီစင်ပေါ်ရောက်တော့ ပြိုင်ဖက်က သက်ပြင်းချကာ
"စင်ပေါ်မှာအကြာကြီးနေပြီး ငါ့ရဲ့အစွမ်းအစတွေကိုထုတ်ပြမလို့ပါဆို တစ်ချက်ရိုက်ရုံနဲ့လွင့်ထွက်သွားမဲ့ မင်းလိုအမှိုက်ကောင်နဲ့လာတိုးရတယ်လို့ ငါတော်တော်ကံဆိုးတာပဲ "

ကယ်ရီလည်းပြုံးကာ
"ငါတစ်ခုသိချင်လို့ မေးလို့ရမလား"

"မေး"

You've reached the end of published parts.

⏰ Last updated: May 03 ⏰

Add this story to your Library to get notified about new parts!

SYSTEM 286 (On going)Where stories live. Discover now