Arc (4.2) ပိုင်ရှီရှန်း

1.8K 262 24
                                    

Unicode ~

ကယ်ရီ ကျင့်ကြံရေးလောကဆိုတာမျိုးကို ကြားဖူးနားဝရှိခဲ့သော်လည်း လက်တွေ့ကြုံရသောအခါမယုံနိုင်အောင်ထူးဆန်းနေခဲ့သည် လက်နက်တွေကိုစိတ်ကြိုက် သေးနိုင်ကြီးနိုင်သလို အဲ့ဒီလက်နက်တွေကိုစီးတော်ယာဥ်အဖြစ်ပါအသုံးပြုလို့ရ သည် ထို့အပြင်ပစ္စည်းများသိုလှောင်လို့ရသည့် လက်စွပ်များ ခါးပတ်များ အိတ်များလည်းရှိသည် တစ်နေရာမှတစ်နေရာသို့ဖြတ်ခနဲရောက်သွားနိုင်သည့် အင်းစာရွက်များလည်းရှိသည် ကြောက်စရာကောင်းသည့်ဝိညာဥ်သားရဲကြီးများလည်းရှိသည် ဂိုဏ်ချုပ်ပိုင်တွင်လည်း အတောင်ပံပါသည့်ကျားတစ်ကောင်ရှိသည် ကယ်ရီမြင်တွေ့သမျှအကုန်အထူးအဆန်းဖြစ်နေတော့သည်

ကယ်ရီ မူလပိုင်ရှီရှန်း၏မှတ်ဉာဏ်အတိုင်း တရားထိုင်ကာသွေးကြောများကိုလှည့်ပတ်လိုက်သည် ထိုအခါကယ်ရီ၏ပတ်ပတ်လည်တွင် နူးညံ့ကာသန့်စင်ပုံရသည့်ရောင်စုံပိုးစုန်းကြူးပုံစံအလင်းစက်လေးများသည် အပြိုင်အဆိုင်လှည့်ပတ်နေကြသည် ထိုထဲမှအနီရောင်ပိုးစုန်းကြူးပုံစံအလင်းစက်လေးများသည် အမျှင်အတန်းလေးများအဖြစ်ပုံစံပြောင်းသွားတာ ကယ်ရီ၏သွေးကြောများထဲသို့အလုအယက်ဝင်လာကြသည် ကယ်ရီစစချင်းလန့်သွားသော်လည်းအချိန်မှီထိန်းချုပ်ကာ မှတ်ဉာဏ်ထဲမှနည်းလမ်းအတိုင်းစတင်ကျင့်ကြံတော့သည် အတော်ကြာကျင့်ကြံပြီးသောအခါ ကယ်ရီ၏ကိုယ်သည်ပြောင်းလဲလာခဲ့သည် သွေးကြောများကလည်းပိုမိုကျယ်ဝန်းလာသလို ခန္ဓာကိုယ်ကလည်းအားများပြည့်ဖြိုးကာလန်းဆန်းတက်ကြွနေသည် အသားရည်မှာ...
"ဟမ်...ငါ့ကိုယ်ပေါ်ကဒီမဲမဲအနှစ်ကြီးတွေကဘာကြီးတွေလဲ"

System: "အဲ့တာ Host ကိုယ်တွင်းမှာရှိနေတဲ့အညစ်အကြေးတွေပါ အဆင့်တစ်ခုကိုဖြတ်ကျော်ပြီးတိုင်း ခန္ဓာကိုယ်ကအလိုအ လျှောက်အသစ်ပြန်လည်သန့်စင်လေ့ရှိပါတယ် Hostက ချီစုဆောင်းမှုအဆင့်၅ ကိုရောက်ရှိသွားလို့ ခန္ဓာကိုယ်မှာအနှစ်နှစ်အလလကစုနေတဲ့အညစ်အကြေးတွေအပြင်ကိုကန်ထွက်လာတာပါ "

" မင်းဆိုလိုတာက ငါကချီစုဆောင်းမှုအဆင့်၅ကိုရောက်သွားပြီလိုပြောချင်တာလား "

SYSTEM 286 (On going)Where stories live. Discover now