Arc (4.1) ပိုင်ရှီရှန်း

2.4K 234 21
                                    

Unicode

ကယ်ရီကူးပြောင်းပြီးပြီးခြင်းတွင် တစ်ကိုယ်လုံးနာကျင်မှုခံစားလိုက်ရသည် System အားမှတ်ဉာဏ်လွှဲမည့်အကြောင်းမပြောရသေးခင်တွင် အခန်းထဲသို့လူတစ်ယောက် ရေဇလုံကိုင်ကာဝင်လာခဲ့သည် ကယ်ရီသတိရနေသည်ကိုမြင်သောအခါတွင် ဝမ်းသာအားရဖြင့်

"သခင်လေး သတိရလာပြီ
ဝမ်းသာလိုက်တာသခင်လေးရယ် ကျွန်တော့်မှာစိတ်ပူလို့သေတော့မှာပဲ ....အပြင်မှာဘယ်သူရှိလည်း ဂိုဏ်းချုပ်ကို သခင်လေးသတိရလာတဲ့အကြောင်း သွားအကြောင်းကြားကြစမ်း "

ကယ်ရီလည်းအခြေနေအား အကြမ်းဖျင်းခန့်မှန်းမိသဖြင့်
"ငါခေါင်းတွေအရမ်းကိုက်နေလို့ခဏနားအုံးမယ် မဆူညံစေနဲ့ "

"ဟုတ်ကဲ့သခင်လေး တစ်ခုခုလိုရင်လှမ်းခေါ်လိုက်ပါ ကျွန်တော်အပြင်မှာရှိပါတယ် "
ကယ်ရီပြန်မဖြေတော့ပဲ လက်သာရမ်းပြလိုက်သည်

System: "မှတ်ဉာဏ်လွှဲပြောင်းမှုစတင်ပါပြီ "

ဒီကမ္ဘာကတော့ ကျင့်ကြံရေးကမ္ဘာတစ်ခုဖြစ်တယ် ဒီကမ္ဘာရဲ့ဇာတ်လိုက်ကတော့ ဟယ်စစ်ယွမ်ဖြစ်ပြီး တိမ်ပြိုဂိုဏ်းမှအတွင်းစည်း တပည့်တစ်ယောက်ဖြစ်သည် ဇာတ်လိုက်သည်ငယ်စဥ်အခါက ကံကောင်း၍ရတနာသိုက်တစ်ခုကိုရှာတွေ့ခဲ့ပြီး သူ၏ကျင့်ကြံရေးလမ်းစဥ်၌အထောက်ပံ့ပေးနိုင်မည့်ပစ္စည်းများ ဆေးလုံးများ အမြုတေများကိုရှာတွေ့ခဲ့သည် ထို့ကြောင့်ဇာတ်လိုက်သည်တခြားရွယ်တူများထက်ခြေအလှမ်းတစ်ရာနီးပါးသာနေခဲ့သည် သာမန်အိမ်တော်များမှကလေးများသည် အသက်၁၆နှစ်အရွယ်တွင်ချီစုဆောင်းမှုအဆင့်၃တွင်သာရှိတတ်ကြပြီး ပါရမီရှင်များသာလျှင်အဆင့်၄သို့ရောက်တတ်ကြသည် ဇာတ်လိုက်မှာမူရတနာများ၏အထောက်အပံ့ကြောင့်အဆင့်၅သို့ စောစီးစွာရောက်ရှိခဲ့သည် ထို့ကြောင့်တိမ်ပြိုဂိုဏ်းချုပ်၏အထူးအလေးပေးမှုကိုရရှိခဲ့ပြီး ပါရမီရှင်အတွင်းစည်းတပည့်အဖြစ်ပါသတ်မှတ်ခံခဲ့ရသည် ဇာတ်လိုက်သည်ကိုယ်လုပ်တော်ဖွား တရားမဝင်သားတစ်ဦးဖြစ်သောကြောင့် ငယ်စဥ်အခါကအနိုင်ကျင့်နှိပ်စက်မှုများခံခဲ့ရသည် ထို့ကြောင့်ဇာတ်လိုက်အမုန်းဆုံးသူမှာ သူတစ်ပါးအားအနိုင်ကျင့်တတ်သူများဖြစ်သည်

SYSTEM 286 (On going)Where stories live. Discover now