Arc 3.5(ဇန်)

2.6K 336 26
                                    

Zawgyi ~

ဇုံCသို့သွားရာလမ်းတစ်လျှောက်တွင်  အယ်လ်မီသည် ကယ်ရီအားတော်တော်အကျိုးပြုခဲ့သည်ဟုဆိုရပေမည်  

လမ်းတွင် ဇွန်ဘီတစ်အုပ်နှင့်ဆုံသောကြောင့် တိုက်ခိုက်ကြရာ မတိုက်ခိုက်တတ်သောအယ်လ်မီသည် ငယ်သံပါအောင် အော်ငိုနေတော့သည် သူ၏အော်ငိုသံကြောင့် ဇွန်ဘီများသည် အယ်လ်မီ၏အနားသို့သာ ပိုမိုစုဝေးလာကြသည်

Systemက 'ဇာတ်လိုက်မအသက်အန္တရာယ်ရှိသည်ကာကွယ်ပါ'ဟုကြေငြာလာသဖြင့် ကယ်ရီသူမအားကယ်ဆယ်ပြီး point 100ကို ပျော်ရွှင်စွာလက်ခံလိုက်ရသည် ထို့နောက်တစ်ဖန်လမ်းတွင်ခေတ္တရပ်နားကြရာ အယ်လ်မီသည် အရိပ်ပင်ရှာမတွေ့အောင်ပျောက်သွားခဲ့သည် ခဏကြာသော် System၏ 'ဇာတ်လိုက်မအသက်အန္တရာယ်ရှိသည်ကာကွယ်ပါ'ဟူသောကြေငြာသံနှင့်အတူ ဇွန်ဘီတစ်အုပ်အားဦးဆောင်ကာ ရှေ့မှပြေးလာသော အယ်လ်မီအားတွေ့လိုက်ရသည် ထိုကျေးဇူးကြောင့်ပင်ကယ်ရီနောက်ထပ်point 100 ထပ်မံရရှိခဲ့ပြန်သည်

ဇွန်ဘီများအားသတ်ဖြတ်ရှင်းလင်းပြီးနောက်တွင် ဟေးမက်စ်၏ဒေါသသည်ငယ်ထိပ်သို့ပင်ရောက်သွားသကဲ့သို့ထင်မှတ်ရသည်

"မင်းသေချင်ရင်တစ်ယောက်တည်းသွားသေ ငါတို့ပါဒုက္ခရောက်အောင်မလုပ်နဲ့"

"တောင်းပန်ပါတယ်...
ကျွန်မသန့်စင်ခန်းလိုက်ရှာရင်းနဲ့ မတော်တဆ....အဟင့် အဟင့် အဟင့်"

"တိတ်စမ်း ....မင်းငိုသံကြောင့်
အဲ့ကောင်တွေထပ်ရောက်လာရင်
မင်းကိုထားခဲ့မှာ
ကျန်တဲ့လူတွေ ကားပေါ်ပြန်တက်ကြ ဆက်သွားမယ်"

အစကတော့ကားပေါ်ရှိလူများသည် အယ်လ်မီအားဂရုတစိုက်ရှိကာ အရေးပေးဆက်ဆံကြသည် ယခုမူလူတစ်ဝက်လောက်က သူမအားကြည့်မရတော့ပေ
မိုချီကလည်း လေသံတိုးတိုးလေးဖြင့်
"ဂျိတ်ခ် သူတော်တော်သေလမ်းရှာနိုင်တာပဲနော်"
ဂျိတ်ခ်လည်းမိုချီအား ပါးစပ်ပိတ်ဟူသောအကြည့်တစ်ချက်သာပေးလိုက်သည်

အယ်လ်မီတစ်ယောက် ဟေးမက်စ်အားသူမဖက်ပါအောင် မဆွဲဆောင်နိုင်သောကြောင့် အချိန်ပြည့်ကယ်ရီ၏အနားတွင်သာကပ်၍ အီစီကလီရိုက်နေခဲ့သည် သူမထိုကောင်လေး၏အနားတွင်ကပ်နေလျှင် အသက်ဘေးကင်းမည်ဖြစ်ကြောင်း စိတ်ထဲတွင်အလိုလိုသိနေခဲ့သည် ထိုသို့ကပ်နေခြင်းကပင် ဟေးမက်စ်၏ဒေါသအား လောင်စာထည့်ပေးလိုက်သလိုဖြစ်သွားခဲ့ကြောင်းကိုတော့ သူမ မသိခဲ့ပေ

SYSTEM 286 (On going)Where stories live. Discover now