Zawgyi
"ဒုန်း!...နောက်တစ်ခွက်..."
"မင်ရှီး...တော်တော့လေကွာ..မင်းသောက်တာများနေပီ.. .လိမ္မာပါတယ်ကွာ...တော်တော့နော်"
ကျန်းချန် တိုက်တုန်းကတိုက်ပီး အခုမတားနိုင်တော့...."လာပါ..ပြန်ရအောင်နော်"
"လွှတ်...မပြန်ဘူး..ဒါတွေအကုန် ကုန်အောင်သောက်မှာ...သူငယ်ချင်းကောင်းကြီး ငါ့ကိုထပ်သင်ပေး...အေ့ "
ချင်းချိုး မိမိရှေ့ကအမူးသမားလေးအားကြည့်နေမိသည်...။ သောက်ထားသဖြင့်မျက်နှာများနီရဲနေကာ မျက်မှန်ချွတ်ထားသဖြင့် မိမိတစ်ခါမှသတိမထားခဲ့မိဖူးသောမျက်လုံးဝိုင်းဝိုင်းလေးနှင့် ချစ်စရာကောင်းနေသည်..။
ငါအခုအဲ့ကောင်လေးကိုချစ်စရာလေးလို့တွေးနေမိတာလား..။ ငါဘာဖြစ်နေတာလဲ..။"ခင်ဗျားကဘာလို့ ကျွန်တော့ကိုစိုက်ကြည့်နေတာလဲ.. မကြည့်နဲ့ " ကယ်ရီ ချင်းချိုး အားရန်လှမ်းထောင်သည်..။
"ဘာလဲ..မင်းကိုကြည့်လို့မရဘူးလား
ကြည့်တော့ရော..ဘာဖြစ်လဲ ""ခင်ဗျားကိုရှောင်ရမယ်..ဟုတ်တယ်ရှောင်ရမယ်..လာမကြည့်နဲ့..ဟိုဖက်လှည့်" ကယ်ရီလက်ညှိုးကြီးတစ်ထိုးထိုးနဲ့ ရစ်နေသည်..
"ငါကမင်းကိုဘာလုပ်မှာမလို့မင်းကရှောင်ရမှာလဲ"
"မင်းကဇာတ်လိုက်မကိုကြိုက်နေတဲ့ကောင်လေ..ဇာတ်လိုက်နဲ့ဇာတ်လိုက်မနှစ်ယောက်ကြိုက်သွားရင်..မင်းက ဇာတ်လိုက်ကိုမယှဉ်နိုင်လို့..မင်းငါ့ကိုလာမဲမယ်...အနိုင်ကျင့်မယ်..ကျောင်းထုတ်ခံရအောင်လုပ်မယ်...ပီးတော့ငါကရန်ပွဲမှာသေမယ်...the end"
ကယ်ရီမူးမူးနဲ့ပါးစပ်က တရစပ်ပြောနေသည်..။"ဘယ်ကဇာတ်လိုက်တွေလဲ...မင်းကိုဘယ်မှာငါကအနိုင်ကျင့်နေလို့လဲ..ဘာတွေလျှောက်ပြောနေတာလဲ"
"အကိုချင်းချိုး.. ကြည့်ရတာတော့ ဇာတ်လမ်းတွဲထဲကဟာတွေပြောနေတာထင်တယ်..ဇာတ်လိုက်တွေဇာတ်လိုက်မတွေနဲ့ဆိုတော့ "
System: "Host! Host ဘာတွေလျှောက်ပြောနေတာလဲ...ငါတော့ရူးချင်တယ်"
"တိတ်စမ်း...ငါ့ခေါင်းထဲကနေပွစိပွစိပြောနေတာ ဘယ်ကောင်လဲ"
YOU ARE READING
SYSTEM 286 (On going)
Randomကယ်ရီတစ်ယောက် ကလေးငယ်တစ်ဦးအားကယ်တင်ရင်း ကားမတော်တဆဖြစ်ပွားခဲ့ရာမှ System 286 နှင့်ချိတ်ဆက်မိသောအခါ..... ဒီ ficလေးမှာ ကယ်ရီတစ်ယောက် မစ်ရှင်တွေထမ်းဆောင်ရင်း ဘယ်လိုအခက်ခဲတွေ၊ပျော်ရွှင်မှုတွေကြုံတွေ့ရမလဲ နောက်ပြီးအချစ်ကိုဘယ်လိုရှာဖွေတွေ့ရှိမလဲ Title...