Zawgyi
"ဘာ!!!!
မင်းပြောတာတွေကအမှန်လား ""ဟုတ်ပါတယ် ဂိုဏ်းချုပ်...
ကျွန်တော်တို့အတွင်းလူတွေရဲ့သတင်းပေးမှုအရ အဖိုးကြီးချင်းက သက်သေတွေရသွားပီလို့ပြောပါတယ်...ကျွန်တော်တို့နဲ့ပတ်သတ်နေတဲ့အရာရှိတွေလည်းစစ်ဆေးခံနေရတယ်လို့ပြောပါတယ် ပီးတော့ spider ဂိုဏ်းကိုလည်း စုံစမ်းနေကြပါတယ် ""တောက်.....ဟန်ယွင် ဟန်ယွင်
ဒီမလောက်လေးမလောက်စားကောင်က ငါ့ကိုရန်စရဲတယ်ဟုတ်လား " ဂိုဏ်ချုပ်ဝမ်တစ်ယောက် တော်တော်ဒေါသထွက်နေသည်..။"ကြည့်ရတာ ဂိုဏ်းနဲ့ပတ်သတ်တဲ့အရေးကြီးတဲ့သက်သေတွေတော့ ရဲလက်ကို ဟန်ယွင်မအပ်ရသေးဘူးထင်ပါတယ် ဂိုဏ်းချုပ် "
"ဟုတ်တယ် အဲ့တာကပိုအရေးကြီးတယ် အဲ့သက်သေတွေသူတို့လက်ထဲရောက်လို့မဖြစ်ဘူး..."
"ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲ ဂိုဏ်းချုပ်...ဟန်ယွင်ကတော့ အသာတကြည်ပေးမဲ့ပုံမပေါ်ဘူး "
"သူအဲ့သက်သေတွေကိုအသာတကြည် လာအပ်အောင်လုပ်လို့ရတဲ့နည်းလမ်းတွေပေါပါတယ် "
...........
ဟန်ယွင် အစည်းဝေးခန်းထဲမှထွက်လာပီး ဖုန်းကိုကြည့်လိုက်သောအခါ မှန်ကြောင်လေး၏နောက်တွင်ထည့်ပေးထားသော သက်တော်စောင့်များထံမှ မစ်ကောပေါင်းများစွာ...
မှန်ကြောင်လေးအားစိတ်ပူလာသဖြင့် ဖုန်းပြန်ဆက်မည်အလုပ် အချိန်ကိုက်ဝင်လာသော ဖုန်းစိမ်း"ဟယ်လို ကိုယ့်ကိုယ်ကို ကျားပေါက်လို့ထင်နေတဲ့ ကြောင်ပေါက်လေးဟန်ယွင်နဲ့ပြောချင်လို့ပါ ဟားဟားဟားဟား "
"ခင်ဗျားကဘယ်သူလဲ ဘာကိစ္စ ကျုပ်ဆီဖုန်းဆက်တာလဲ " ဟန်ယွင်မေးလိုက်သည်..
"အရင်ဆုံး ဒီအသံလေး နားထောင်လိုက်ပါအုံး ကြောင်လေးရယ် "
ဟန်ယွင်တစ်ဖက်မှအသံအားနားစွင့်ကြည့်လိုက်တော့ တစ်ယောက်ယောက်ကိုရိုက်ပုတ်နေသည့်အသံများနှင့် ငိုနေသောအသံလေး......
ဟန်ယွင် ရင်ထဲတွင်ဒိန်းခနဲဖြစ်သွားသည်...ဒါမိမိ၏မှန်ကြောင်လေးအသံမဟုတ်ပါလား
YOU ARE READING
SYSTEM 286 (On going)
Randomကယ်ရီတစ်ယောက် ကလေးငယ်တစ်ဦးအားကယ်တင်ရင်း ကားမတော်တဆဖြစ်ပွားခဲ့ရာမှ System 286 နှင့်ချိတ်ဆက်မိသောအခါ..... ဒီ ficလေးမှာ ကယ်ရီတစ်ယောက် မစ်ရှင်တွေထမ်းဆောင်ရင်း ဘယ်လိုအခက်ခဲတွေ၊ပျော်ရွှင်မှုတွေကြုံတွေ့ရမလဲ နောက်ပြီးအချစ်ကိုဘယ်လိုရှာဖွေတွေ့ရှိမလဲ Title...