Arc 3 (End)

2.6K 252 21
                                    

Unicode ~

ကယ်ရီတို့အုပ်စု base နဲ့ခပ်လှမ်းလှမ်းတောင်အမြင့်ပေါ်တွင်နေရာယူထားကြသည် ကယ်ရီအသံမထွက်ဘဲမြို့အားအပေါ်စီးမှကြည့်နေခဲ့သည် ဟေးမက်စ်ကလည်းကယ်ရီတစ်ခုခုညွှန်းကြားမည်ကိုစောင့်မျှော်ရင်း ကယ်ရီအား ငြိမ်ငြိမ်လေးထိုင်ကြည့်နေသည် တခြားသူများကလည်းဘယ်တော့များဖောက်ခွဲရေးစတင်မလဲဟုသိချင်စိတ်ဖြင့် ဟေးမက်စ်အားဝိုင်းကြည့်လျက်ရှိသည် ကယ်ရီ System ထံမှ ဇွန်ဘီများသတ်မှတ်ထားသည့်ဆုံချက်သို့ရောက်ရှိလာပြီဆိုသောအသိပေးချက်အား ရရှိပြီးနောက်တွင် တခြားသူများအား တပ်ဆင်ထားသည့်ဗုံးများကိုဖောက်ခွဲရန်ပြောလိုက်သည်

"အခုပဲ"

တခြားသူများကလည်းသဘောပေါက်ကာ အဝေးထိန်းခလုပ်အားအသီးသီးနှိပ်လိုက်ကြသည် ဇုံ A တစ်ခုလုံးပေါက်ကွဲသံများဖုံးလွှမ်းကာ ပိုက်လိုင်းတစ်လျှောက်ရှိမြေများပြိုကျသွားသည် ပေါက်ကွဲရာမှထွက်ပေါ်လာသော တုန်ခါမှုလှိုင်းသည်ကယ်ရီတို့ရှိနေသည့် တောင်နားထိပါရောက်ရှိခဲ့သည် ပေါက်ကွဲရာလမ်းတစ်လျှောက်တွင်လည်း ဇွန်ဘီများ၏ကိုယ်ခန္ဓာအပိုင်းစများပြန့်ကျဲကာ သွေးများလွှမ်းနေသည့်မြင်ကွင်းမှာလွန်စွာကြောက်စရာကောင်းလှသည်
မှန်ဘီလူးဖြင့်အဝေးသို့လှမ်းကြည့်နေသောမိုချီတစ်ယောက် မှန်ဘီလူးအားလွှတ်ချကာ

"အယ်မလေး ကံကောင်းလို့
ဇန့်ကြောင့်သာမဟုတ်ရင်ဒီချိန်ကျွန်တော်တို့ယမမင်းဆီမှာအင်တာဗျူး ဖြေနေရလောက်ပြီ "
မိုချီ ဇန်အားပြေးဖက်ကာ လွန်ကဲနေသောလုပ်ယူအသံဖြင့် "ဒီချိန်ကစ ပြီး မင်းကငါ့ဘဝရဲ့ဟီးရိုးပဲဇန် ငါ့ကိုယ်ငါမင်းဆီကိုအပိုင်ပေးလိုက်ပြီ "

ကျန်တဲ့သူများကလည်း မိုချီ၏သရုပ်ဆောင်မှုကြောင့် ဗိုက်နှိပ်ကာအော်ရယ်နေကြသည် ဂျိတ်ခ်လည်းကယ်ရီအားဖက်သောမိုချီကိုနားရွက်မှဆွဲခေါ်လာကာ
"ဘာရယ်....အပိုင်ပေးလိုက်ပြီဟုတ်လား မင်းအသက်ဘယ်လောက်ရှိနေလို့ဒီစကားတွေပြောနေရတာလဲ"

"အား...အား...အား
ဂျိတ်ခ်ရ နာတယ်ဗျ ကျွန်တော်ကအားလုံးစိတ်ပင်ပန်းနေကြမယ်ထင်လို့ဟာသပြောတာလေ သူများတွေရီနေတာမမြင်ဘူးလား ဟွန့် "
ဂျိတ်ခ်လည်းဘာမှမပြောဘဲ တစ်ဖက်သို့အကြည့်လွှဲသွားသည်

SYSTEM 286 (On going)Where stories live. Discover now