Zawgyi
"အား....မင်ရှီးဖြေးဖြေး ဖြေးဖြေး "
"ဟာ...အကိုကလည်း ကျွန်တော့အလှည့်တုန်းကတောင်ဘာသံမှမထွက်ဘူး "
"ကိုယ်ကမင်းနာမှာဆိုးလို့သာသာလေးလုပ်ပေးတာလေ.... အခုမင်းပြန်လုပ်ပေးတာက အားကြီးနဲ့မဟုတ်ဘူးလား"
"ကျွန်တော်မှ ကြပ်ထုပ်ကောင်းကောင်းမထိုးပေးတတ်တာ...အကို့ဟာအကိုမှန်ကြည့်ပီးထိုးလိုက်တော့.... ကျွန်တော့ကြောင့်ဒဏ်ရာတွေပိုဆိုးကုန်လိမ့်မယ်"
"ရတယ် ရတယ်....ကိုယ်ကစနေတာ
လုံးဝမနာဘူး တစ်စက်လေးမှမနာဘူး ဆက်ထိုးပေး ""ဗျာ..ဟုတ် ဟုတ် "
မိမိကဒီအခွင့်အရေးကိုလက်လွှတ်ရအောင်အရူးမဟုတ်တာ...မှန်ကြောင်လေးစေတနာနဲ့ကြပ်ထုပ်ထိုးပေးနေတာ နာလည်းသည်းခံမှာပဲ တစ်ချက်တစ်ချက် နှုတ်ခမ်းသေးသေးလေးနဲ့ လေနွေးနွေးလေးများပင်မှုတ်ပေးတတ်သေးသည် ...
'မကြာခင် မင်းကိုဖွင့်ပြောတော့မယ်မှန်ကြောင်လေးရေ ကိုယ့်ကောင်လေးဖြစ်ဖို့သာပြင်ထားပါ'
ဟန်ယွင် မိမိအတွေးနှင့်မိမိပြုံးပြုံးကြီးဖြစ်နေသည်...
ဟန်ယွင် မသိလိုက်သည်က မိမိရှေ့တွင် ယောက်ယတ်ခတ်နေသော ကယ်ရီ"အကို...အကိုဟန်ယွင်
ကျွန်တော်ခေါ်တာကြားလား...
System ရေလုပ်ပါအုံး အကိုဟန်ယွင်ဘာဖြစ်သွားတာလည်းမသိဘူး ငါခေါ်တာကိုလည်းပြန်မထူးဘူး ပြုံးပြုံးကြီးနဲ့ငါ့ကိုကြည့်ပဲကြည့်နေတယ် "System: "Host ကြပ်ထုပ်ထိုးတာအားပြင်းသွားလို့ ပြုံးပြုံးကြီးသတိလစ်သွားတာနေမှာပေါ့ "
System စကားကိုကြားပီး ကယ်ရီ ဟန်ယွင့်ပခုံးနှစ်ဖက်အားလှုပ်ရမ်းလိုက်မှ
"ဘာဖြစ်တာလဲ ဘာဖြစ်လို့လဲ မှန်ကြောင်လေး " ဟန်ယွင်သတိမထားမိလိုက်ပဲ မိမိစိတ်ထားတွင်ခေါ်သောနာမည်လေးအားထုတ်ခေါ်မိလိုက်သည်...။
"ဟို...အကို့ကို ကျွန်တော်ခေါ်နေတာကြာနေပီ ဒါပေမယ့်အကိုကပြန်မထူးဘဲနဲ့ပြုံးပြုံးကြီးပဲကြည့်နေလို့ အဲ့တာကြောင့်.."
'တော်ပါသေးတယ် မင်ရှီးသူ့ ကိုမှန်ကြောင်လေးလို့ခေါ်တာသတိမထားမိလိုက်ဘူး '
YOU ARE READING
SYSTEM 286 (On going)
Randomကယ်ရီတစ်ယောက် ကလေးငယ်တစ်ဦးအားကယ်တင်ရင်း ကားမတော်တဆဖြစ်ပွားခဲ့ရာမှ System 286 နှင့်ချိတ်ဆက်မိသောအခါ..... ဒီ ficလေးမှာ ကယ်ရီတစ်ယောက် မစ်ရှင်တွေထမ်းဆောင်ရင်း ဘယ်လိုအခက်ခဲတွေ၊ပျော်ရွှင်မှုတွေကြုံတွေ့ရမလဲ နောက်ပြီးအချစ်ကိုဘယ်လိုရှာဖွေတွေ့ရှိမလဲ Title...