Zawgyi
"System... ဘယ်လိုလုပ်မလဲ...
မင်ရှီး ရဲ့အဒေါ်တကယ်ထွက်ပြေးသွားပီထင်တယ်..ငါလည်းထွက်ပြေးရင်ကောင်းမလား..."System: "Host.. အဲ့ဒီလိုလုပ်လို့မရဘူးလေ"
"ဒီလိုမှန်းသိရင်... အဲ့အဒေါ်ကြီးကိုသေချာစောင့်ကြည့်နေပါတယ်.."
ထိုစဉ်..."တင်းတောင်...တင်းတောင် "
System: "Host... ပြန်မထူးနဲ့..အဲ့တာငွေတိုးချေးစားတဲ့သူတွေ...ငြိမ်ငြိမ်လေးနေ.."နာရီဝက်လောက်ကြာတော့ အိမ်ရှေ့ကလူတွေပြန်သွားပုံရသည်..။စိတ်ချရအောင် ကယ်ရီအပေါက်မှထပ်ချောင်းကြည့်လိုက်သေးသည်..။(A/N- အကြွေးပုန်းနေသောကယ်ရီလေးပါ😆)
System: "ချောင်းမနေနဲ့တော့ ပြန်ကုန်ပီ"
ကယ်ရီမနက်စာပင် စားချင်စိတ်မရှိတော့ စိတ်ပျက်လက်ပျက်နဲ့ကျောင်းသို့ထွက်လာခဲ့သည်..လမ်းကွေ့တစ်ခုတွင်ကယ်ရီရှေ့ပိတ်ရပ်လာသောလူတစ်စု...
"မင်းက..ယဲ့ဝမ်ရှီးရဲ့ တူလား.."
"System.. ယဲ့ဝမ်ရှီးဆိုတာ ဘယ်သူကြီးလဲ.."
System: "စိတ်တွေလဲညစ်ပါတယ်..ယဲ့ဝမ်ရှီးဆိုတာ မင်ရှီးရဲ့ဒေါ်လေနာမည်လေHostရဲ့ "
"အော်....ဟုတ်သားပဲ "
"ဟေ့ကောင်လေး... မင်းငါမေးနေတာမဖြေဘဲဘာတွေကြောင်နေတာလဲ "
"ဟုတ်..ဟုတ်ပါတယ်... ကျွန်တော်က ယဲ့ဝမ်ရှီးရဲ့တူပါ " ကယ်ရီမျက်နှာငယ်လေးနဲ့ပြန်ဖြေလိုက်သည်..။
နာမည်လေးမေ့နေလို့Systemကိုမေးနေတာကိုဒီလူတွေကလည်းစိတ်ကြီးလိုက်တာ.."မင်းရဲ့အဒေါ်ကငါတို့ဆီကပိုက်ဆံတွေချေးထားတယ်..အခုဖုန်းခေါ်တာလဲမကိုင်ဘူး..အိမ်ကိုသွားကြည့်တော့လဲမရှိဘူး..အဲတာဘာဖြစ်လို့လဲ"
"ဒေါ်လေးက...ပျောက်..ပျောက်သွားလို့ပါ "ကယ်ရီအမှန်တိုင်းဖြေလိုက်သည်
"ဘာ..ပျောက်သွားလို့..ဟုတ်လား!... မင်းအဒေါ်ကဘယ်ပျောက်သွားတာလဲ.."
"ကျွန်တော်မသိဘူး...အိပ်ယာနိုးလို့ကြည့်လိုက်တော့အဝတ်စားတွေယူပီးပျောက်သွားတယ်"
"ဟားဟား... ကိစ္စမရှိပါဘူး... မင်းအဒေါ်စားမင်းဆပ်ပေးရင်ရနေတာပဲလေ"
YOU ARE READING
SYSTEM 286 (On going)
Randomကယ်ရီတစ်ယောက် ကလေးငယ်တစ်ဦးအားကယ်တင်ရင်း ကားမတော်တဆဖြစ်ပွားခဲ့ရာမှ System 286 နှင့်ချိတ်ဆက်မိသောအခါ..... ဒီ ficလေးမှာ ကယ်ရီတစ်ယောက် မစ်ရှင်တွေထမ်းဆောင်ရင်း ဘယ်လိုအခက်ခဲတွေ၊ပျော်ရွှင်မှုတွေကြုံတွေ့ရမလဲ နောက်ပြီးအချစ်ကိုဘယ်လိုရှာဖွေတွေ့ရှိမလဲ Title...