Arc 3.1(ဇန်)

3.8K 363 10
                                    

Zawgyi

ကယ်ရီတတိယကမ္ဘာသို့ရောက်ရောက်ချင်း ပထမဆုံးမြင်လိုက်ရသည်က မိမိ၏ဦးခေါင်းအားနှိုက်ဖောက်တော့မည့် လက်သည်းတစ်စုံပင်ဖြစ်သည် ထို့ပြင် ကယ်ရီ၏ပတ်ပတ်လည်၌လည်း ပုံပျက်ပန်းပျက်ဖြစ်နေသောလူ၁၀ယောက်ခန့်လည်းရှိနေသေးသည် အခြေနေကြည့်ရပုံမှာ ဇွန်ဘီများရှိသော ကမ္ဘာသို့ရောက်နေပုံရသည်
ကယ်ရီနာကျင်နေသောခေါင်းအား အနည်းငယ်သက်သာ​စေရန် ခါရမ်းပြီး​နောက် ခန့်မှန်းရခက်သောအပြုံးပြုံးကာ

'ငါ့ခေါင်းကိုဖောက်ချင်တယ်ပေါ့ စိတ်ကူးတောင်မယဉ်နဲ့'

ကယ်ရီ မိမိအားရန်ပြုနေသည့်ဇွန်ဘီ၏လက်အားဆွဲကာကိုင်ပေါက်လိုက်သည် ထို့နောက်အနီးရှိသံချောင်းဖြင့် ဦးခေါင်းအားထိုးစိုက်လိုက်သည် တခြားဇွန်ဘီများကလည်း ကယ်ရီထံသို့ဝိုင်း၍စုပြုံကာတိုက်ခိုက်လေတော့သည် နာရီဝက်ခန့်ကြာပြီးနောက် တစ်ကိုယ်လုံးသွေးများပေကျံနေသောကယ်ရီတစ်ယောက် အနီးရှိဂိုထောင်ထဲတွင်အနားယူနေလေသည်

"ဟူး...တိုက်ခိုက်ရတာဒီလောက်ပျော်ဖို့ကောင်းမှန်း ငါတကယ်မသိခဲ့ဘူး ဒါပေမယ့်  ဒီဖုတ်ကောင်တွေရဲ့သွေးတွေကတော့ အော်ဂလီဆန်ချင်စရာကောင်းတယ် နောက်တစ်ခါ သွေးမစင်အောင်သတ်မှဖြစ်မယ်"

System တခြားသူတစ်ယောက်လိုပြောင်းသွားသော Hostအားကြည့်၍ နည်းနည်းစိုးရိမ်လာမိသည် သူစတွေ့တုန်းကHostက အရမ်းကြောက်တတ်တဲ့သူမဟုတ်လား အခုလိုဇွန်ဘီအုပ်အား ပြုံးရွှင်ကာလိုက်သတ်နေပုံမှာ Hostရဲ့မူလစရိုက်နှင့်ကွဲထွက်နေသည်

System: " Host... အဆင်ပြေရဲ့လား"

"ဒါပေါ့ အဆင်ပြေတာပေါ့ မြန်မြန်ဒီကမ္ဘာအကြောင်းမှတ်ဥာဏ်လွှဲတော့ "

System: "ဟုတ်ကဲ့"

ကယ်ရီရောက်ရှိနေသည့်ကမ္ဘာမှာ ဇွန်ဘီပိုးများကူးစက်နေသောကမ္ဘာဖြစ်သည် သိပ္ပံပညာရှင်များ၏စမ်းသပ်ချက်မှားယွင်းမှုကြောင့် ရောဂါပိုးသည်လူထုထံသို့ပြန့်ပွားကာ ကမ္ဘာပျက်ကပ်ဆိုက်ခဲ့ရသည် အသက်ရှင်ကျန်ရစ်သောလူများသည် လုံခြုံစိတ်ချရသည့် နေရာများရှာ၍ လက်နက်များ ရိက္ခာများသိုလှောင်ကာ ဇွန်ဘီများ၏အန္တာရာယ်မှလွတ်အောင် ကာကွယ်နေထိုင်ကြသည် ဒီကမ္ဘာ၏ဇာတ်လိုက်မှာ ဟေးမက်စ် ဖြစ်ပြီး သူသည် စစ်တပ်ခေါင်းဆောင်တစ်ယောက်လည်းဖြစ်တယ် ကမ္ဘာပျက်ကပ်စတင်သောအခါ ဟေးမက်စ်က သူရဲ့အသက်ရှင်ကျန်ရစ်တဲ့တပ်သားများအားဦးဆောင်ကာ Baseတစ်ခုတည်ထောင်ပြီး အသက်ရှင်ကျန်ရစ်သောသူများအားကယ်ဆယ်လေသည် ဒီကမ္ဘာ၏ဇာတ်လိုက်မကတော့ အယ်လ်မီ ဖြစ်ပြီး သူမကသရုပ်ဆောင်တစ်ယောက်ဖြစ်သည် မြို့စွန်တွင် ဒါဏ်ရာဖြင့်လဲကျနေသောသူမကို ​ဟေးမက်စ်ကကယ်ဆယ်ခဲ့ကာ baseတွင်ဆေးကုသပေးခဲ့သည် အချိန်ကြာလာသည်နှင့်အမျှ ဟေးမက်စ်နှင့်အယ်လ်မီသည် သံယောဇဉ်များတိုးကာ ချစ်သူများဖြစ်သွားကြပြီး အန္တာရယ်တွေဝိုင်းနေသော ကမ္ဘာပျက်ကပ်၌ပျော်ရွှင်စွာနေထိုင်သွားကြတယ်

SYSTEM 286 (On going)Where stories live. Discover now