Arc 4.5(ပိုင်ရှီရှန်း)

1K 129 14
                                    

unicode ~

ကယ်ရီသတိရလာတော့ ခန္ဓာကိုယ်ကပုံမှန်ထက်ခွန်အားပြည့်နေသလိုခံစားရပြီး သွေးကြောများကလည်းယခင်ထက်နှစ်ဆကျယ်ကာချီများအလုယက်တိုးဝင်နေကြသည်ဟုခံစားနေရသည် ကယ်ရီပျော်ရွှင်စွာဖြင့်စစ်ဆေးကြည့်ပြီးနောက်တွင် ဘေးသို့လှည့်ကြည့်လိုက်သောအခါ သူ၏ဘေးတွင်ခွေခွေလေးအိပ်နေသောရှောင်ပိုင်အားတွေ့လိုက်ရသည်
"ကြည့်ရတာဒီကောင်လေးပျင်းနေပုံရတယ်"

[ပျော်မနေနဲ့....
Host သေမလိုဖြစ်သွားတာရောသိလား]

"ဒီမှာကြည့်လေ အကောင်းတိုင်းပဲ
မမြင်ဘူးလား "

[ အဲ့တာက _ ] System နောက်စကားကိုဆက်မပြောဘဲ သက်ပြင်းသာချမိလိုက်သည် သူ၏hostကိုအမှန်တိုင်းပြောပြလိုက်ပါက ရှောင်ပိုင်အားအနားကပ်ခံတော့မည်မဟုတ်ကြောင်းသိနေခဲ့သောကြောင့်ဖြစ်သည် ရှောင်ပိုင်အတွက်လည်းသူစိတ်ပူမိသည် မြေခွေးသားရဲများအတွက် အမြုတေမှာအလွန်အရေးကြီးသည် အမြုတေအထုတ်ခံရသောမြေခွေးသည် လူပုံစံပြောင်းလဲနိုင်စွမ်းမရှိတော့ရုံသာမက ကျင့်ကြံဆင့်များပါအောက်သို့ထိုးကျကုန်သည် ၎င်းမှာယခင်အခြေနေသို့ပြန်ရောက်နိုင်ရန် အစဦးမှပြန်လည်စတင်ကျင့်ကြံရသည်နှင့်ဆင်တူသည်

"ဂိုဏ်းပေါင်းစုံပြိုင်ပွဲရောက်ဖို့ သုံးနှစ်လိုသေးတယ်
ငါ့ရဲ့ကျင့်ကြံဆင့်ကလည်း အဆင့်၇ဆိုတော့ဇာတ်လိုက်နဲ့ညီသွားပြီဆိုတော့ ဒီသုံးနှစ်အတွင်းမှာငါကြိုးကြိုးစားစားလေ့ကျင့်ဖို့ပဲလိုတော့တယ်"

[Host အပြင်တော့မထွက်နဲ့နော် နေ့ချင်းညချင်းကြီးအဆင့်၅ကနေအဆင့်၇ရောက်သွားတာမြင်ပြီး hostကိုဂိုဏ်းထဲကလူတွေက မိစ္ဆာအတတ်တွေကျင့်နေတယ်ဆိုပြီး စွပ်စွဲကြလိမ့်မယ် ]

"ငါအကုန်စဥ်းစားပြီးသွားပါပြီ
ဂိုဏ်းပေါင်းစုံပြိုင်ပွဲအတွက်ပိုသန်မာလာအောင် အပြင်လောကမှာအတွေ့ကြုံသွားရှာလိုက်အုံးမယ်ဆိုပြီး ဂိုဏ်းချုပ်ဆီစာပို့ပြီး ရှောင်ပိုင်ကိုတွေ့ခဲ့တဲ့ဂူထဲမှာပုန်းပြီးလေ့ကျင့်မယ် မကောင်းဘူးလား "

[ကောင်းပါတယ် ဒါပေမယ့်အရင်တစ်ခါကတွေ့ခဲ့တဲ့ ကမ္ဘာမြေကြီးအဆင့်နဲ့ထပ်တွေ့ရင်ရော ]

SYSTEM 286 (On going)Where stories live. Discover now