Zawgyi
System ချိတ်ဆက်ပြီး.....
System ချိတ်ဆက်မှုအောင်မြင်သည်....ဟယ်ရီ နားထဲထူးဆန်းတဲ့ကွန်ပျူတာအသံကိုကြားလိုက်ရသည်။
"ဘာလဲဟ.... အိမ်မက်ကြီးက ဆောင်းတွင်းမလို့ ကယောင်ချောက်ချား တွေမက်နေတာလား.."
"Hello host... ! ကြိုဆိုပါတယ်.... ကျွန်တော်က Host ကိုတာဝန်ယူပေးရမဲ့ System 286ပါ.."
"ဟမ်..!? ဘာကြီး...ငါဘယ်ရောက်နေတာလဲ။ မင်းပြောတဲ့systemဆိုတာရောဘာလဲ.."
ကယ်ရီ ဘေးပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်လိုက်တော့လည်း ဟင်းလင်းပြင်ကြီး တစ်ခုသာမြင်ရသည်။ System ဆိုသည်မှာလဲ အသံသာကြားရတယ် ဘယ်မှာမှရှာမတွေ့။ကယ်ရီတစ်ယောက်စိတ်ထဲ လန့်သလိုရှိလာတယ်...မဟုတ်ဘူး..ကြောက်ကိုကြောက်လာတာ..။
ကယ်ရီက တစ်ကောင်ကြွက် ဆွေမရှိ၊မျိုးမရှိ မိဘမဲ့။ ကျောင်းမှာလဲဘယ်သူနဲ့မှစကားမပြော အမြဲတစ်ယောက်တည်းနေတတ်တဲ့သူမျိုး။အများကတော့ကယ်ရီကို မာနကြီးတယ်ဆိုပီး ဝေးဝေးကရှောင်ကြတယ်..။ အမှန်က ကယ်ရီက ငယ်ငယ်ကတည်းက တစ်ယောက်တည်းနေလာရတော့ လူကြောက်တတ်တာ..။ အခုလည်းကြည့် ဒီလိုထူးဆန်းတဲ့နေရာကြီးကို ရောက်နေတော့ ကြောက်တာပေါ့...။
System: "Host ဘာမှမမှတ်မိတော့ဘူးလား..? Host ဟာသေဆုံးသွားခဲ့ပီလေ..."
"မင်းဘာတွေပြောနေတာလဲ... ငါကဘာလို့သေရမှာလဲ...ငါမနက်ကတောင်ကျောင်းသွားသေးတယ်။ကျောင်းဆင်းတော့ အချိန်ပိုင်းအလုပ်သွားတယ်။ အလုပ်ကဆင်းတော့ ညစာအတွက် ခေါက်ဆွဲထုပ် တောင်ဝယ်လာသေးတယ်။ ပြီးတော့ငါ....ငါ......"
ကယ်ရီမှတ်မိလိုက်ပါပီ..။ကယ်ရီအလုပ်ကအပြန် လမ်းမှာကလေးတစ်ယောက်ကိုကယ်ရင်း ကုန်တင်ကားနဲ့တိုက်မိခဲ့တယ်.။ ပြီးတော့ကယ်ရီလေထဲလွင့်နေသလိုခံစားရတယ်။နောက်တော့ System ဆီကထူးဆန်းတဲ့အသံတွေကြားရတော့တာပဲ။
"ငါ..ငါတကယ် သေသွားပီလား။ ငါ့ဘဝကဒီလိုကြီးပဲအဆုံးသတ်သွားတာလား။ငါက အခုမှ၁၈နှစ်ပဲရှိသေတယ်လေ။ငါတကယ်ကြီး ဒီလိုသေဆုံးသွားတာလား...."
System: "Host စိတ်မကောင်းမဖြစ်ပါနဲ့။ Host ဟာသေဆုံးဖို့လဲအချိန်မတန်သေးသလို စိတ်ကောင်းနှလုံးကောင်းရှိပီး ကလေးကိုကယ်တင်ရင်းသေဆုံးသွားတာမလို့ ပြန်လည်ရှင်သန်ဖို့ အခွင့်အရေး ရှိပါတယ် "
YOU ARE READING
SYSTEM 286 (On going)
Randomကယ်ရီတစ်ယောက် ကလေးငယ်တစ်ဦးအားကယ်တင်ရင်း ကားမတော်တဆဖြစ်ပွားခဲ့ရာမှ System 286 နှင့်ချိတ်ဆက်မိသောအခါ..... ဒီ ficလေးမှာ ကယ်ရီတစ်ယောက် မစ်ရှင်တွေထမ်းဆောင်ရင်း ဘယ်လိုအခက်ခဲတွေ၊ပျော်ရွှင်မှုတွေကြုံတွေ့ရမလဲ နောက်ပြီးအချစ်ကိုဘယ်လိုရှာဖွေတွေ့ရှိမလဲ Title...