41---50

248 28 1
                                    

Monster Paradise - မွန်းစတားတို့၏ သုခဘုံ
အခန်း(၄၁) - မင်းက အလုပ်ကြီးတစ်ခု လုပ်ခဲ့တာပဲ..

လင်းဟွမ်သည် နောက်နှစ်ရက်အတွင်း အလုပ်ရှုပ် နေခဲ့သည်။

ရီရီယွီက သူထံပြန်ပို့ခဲ့သော လူအားလုံး၏ အရည်အချင်းက မဆိုကြပေ။ သူတို့သည် အနည်းဆုံး သံအဆင့်(၂)ဖြစ်ပြီး အချို့ဆိုပါက သံအဆင့်(၃)ပင် ရှိကြသေးသည်။   ပိုဆိုးသည်မှာ  လင်းဟွမ်၏ အမိန့်ကို နောက်နှစ်ရက်ကြာအောင် နားထောင်ရမည့် အကြောင်းကို သိလိုက်သောအခါ မကျေမနပ် ဖြစ်ကုန်ကြသည်။

လင်းဟွမ်သည် သံအဆင့်ပင် မရှိသေးသောကြောင့် သူတို့အတွက် ရယ်စရာကောင်းနေ ပုံရသည်။ လင်းဟွမ်သည် ဘာဆက်လုပ်ရမှန်း မသိသောကြောင့် မနာခံသော လူများကိုတွေ့လျှင် ရိုက်နှက်ရန် အာဏာရှင်ကို ဆင့်ခေါ်ခဲ့သည်။ ထိုအချိန်ကို ရောက်မှသာ သူ့စကားကို နားထောင်ကြတော့သည်။

လင်းဟွမ်တွင် အစွမ်းထက်သော အရည်အချင်းများ မရှိသော်လည်း ထိန်းချုပ်သူ ဖြစ်သော  သူ၏ အထောက်အထားကို အခြားသူများက သိရှိသွားကြသည်။

ဒါသည် ကြောက်စရာ ကောင်းလောက်အောင် ရှားပါးသော အလုပ်အကိုင်တစ်ခု ဖြစ်နေသည်။

အချို့လူများက သူ့ထံတွင် မွန်းစတားနှစ်ကောင်  ရှိနေကြောင်း သ်သွားကြသည်။ ဒါသည် ထိန်းချုပ်သူများ၏ စံနှုန်းအရ ပါရမီရှင် ဖြစ်နေသောကြောင်း   ကျည်ဆံ  အသုံးပြုခြင်း ထက်ပင် ပို၍ လိုက်နာခဲ့ကြသည်။

ထိုအချိန်တွင် ရီရီယွီသည် အလုပ်များ နေသေးသည်။

သူမ၏ အစိမ်းရောင် သစ်သားတံခါးသည် ဆင့်ခေါ်မှုက ကန့်သတ်ချက် ရှိနေသောကြောင့် တစ်နေ့လျှင် ဆယ်ကြိမ်သာ အသုံးပြုနိုင်သည်။ အကဲဖြတ်မှု  စတင်ချိန်မှစ၍ အရည်အချင်း မပြည့်မီသူ ၇၀ မှ ၈၀ ခန့်ရှိပြီး သူတို့အားလုံးသည် မြေပြင်၏ မတူညီသော နေရာအသီးသီးတွင် ပြန့်ကျဲနေခဲ့ကြသည်။

တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးသော အဖွဲ့ဝင်များသည် စုပေါင်းပြီး သုံးရက်အတွင်း ပြန်ခေါ်လာရန် ဝန်ထမ်းများကို ညွှန်ကြားခဲ့သည်။

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now