281------290

189 25 1
                                    

အခန်း(၂၈၁) - ပထမ အကျော့ လေ့ကျင့်မှု ပြီးဆုံးသွားခြင်း။

မင်းရဲ့ လှုပ်ရှားမှုစွမ်းရည်တွေက မယုံနိုင်စရာပဲ” 

မြစ်ကမ်း တစ်ဖက်ကို ရောက်သွားသောအခါ လီလန်က အလန့်တကြား  ထအော်သည်။

“ဒီလို အမြန်နှုန်းက သန့်ရှင်းမီးလျှံ အဆင့်က လူတွေနဲ့ အတူတူပဲ။ လှုပ်ရှားမှု စွမ်းရည် တစ်ခုတည်းက ဒီလို အကျိုးသက်ရောက်မှု ရှိလိမ့်မယ်လို့ မထင်ထားမိဘူး။ မင်းက အမြန်နှုန်း လှုပ်ရှားမှုစွမ်းရည်မှာ ပါရမီပါတဲ့ လူတစ်ယောက်လား”

ရီရီယွီသည် သူမကိုယ်သူမ တည်ငြိမ်အောင် မလုပ်နိုင်သည်မှာ ထင်ရှားနေသည်။ ထို့အပြင် သူမစိတ်၏ ဟိုအတွင်းပိုင်းထဲတွင် သူမက သာသည်ဟု  ယုံကြည်နေခဲ့သည်။

“ငါ့ရဲ့ စွမ်းရည်ထဲမှာ လျင်မြန်တဲ့အရှိန်ကို ထည့်ပေါင်း အသက်သွင်းခဲ့တာ။ အဲ့ဒါက မတူညီတဲ့ အမြန်နှုန်း အမျိုးအစား လှုပ်ရှားမှု ကျင့်စဉ်တွေကို အားဖြည့်ပေးတဲ့ နေရာမှာ အောင်မြင်တယ်”

လင်းဟွမ်က ပြန်ဖြေလိုက်သည်။

ရီရီယွီက သူ၏လျှို့ဝှက်ချက်ကို ရှာဖွေ သိရှိသွားကြောင်း မသိသော်လည်း ဝန်ခံလိုက်သည်။ သို့သော် ဤစွမ်းရည်သည် တမန်တော်အမြန်နှုန်း ဖြစ်ပြီး ထိုအကြောင်းကို သူမအား မပြောဘဲ လျင်မြန်သောအရှိန် ဟုသာ လိမ်ပြောလိုက်သည်။

“မင်းက ရွှေအဆင့် (၂) ပဲ ရှိသေးတယ်။ ရွှေအဆင့်(၃)၊   ဒါမှမဟုတ် ရွှေအဆင့် ပြည့်ဝအဆင့်ကို ရောက်သွားရင် မင်းရဲ့ အရှိန်က ပိုမြန်လာအုံးမှလား”

လီလန်က  မေးလိုက်သည်။

“သဘောတရား အရတော့ အဲ့ဒီလို ဖြစ်လိမ့်မယ်”

လင်းဟွမ်က ပြုံးပြီး ခေါင်းငြိမ့်လိုက်သည်။ သူ ပြသခဲ့သော အမြန်နှုန်းသည် အကန့်အသတ် မရောက်သေးကြောင်း အမှန်အတိုင်း မပြောခဲ့ပေ။ ထို့အပြင် အမြန်နှုန်းဖြစ်စေ၊ တမန်တော် အရှိန်ဖြစ်စေ သို့မဟုတ် မိုးကြိုးခြေလှမ်း ဖြစ်စေ အားလုံးကို ကန့်သတ်ချက် အမြန်နှုန်းအထိ ရောက်အောင် မလုပ်ဆောင်ခဲ့ပေ။

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now