221----230

211 23 1
                                    

Monster Paradise - မွန်းစတားတို့၏ သုခဘုံ
အခန်း(၂၂၁) - ယောက်ျားတစ်ယောက်၏ လျှို့ဝှက်ချက်။

“ဓါး ပါရမီရှင်က တိုက်ပွဲကွင်းပြင်ထဲက ခြောက်ထပ်မြောက်ရှိ တားဆီးသူ ယုမိုလီကို အနိုင်ယူပြီး တိုက်ပွဲပေါင်း (၉၀) ဆက်တိုက် အနိုင်ရခဲ့တဲ့အတွက်  ဂုဏ်ပြုပါတယ်”

ရလဒ်ကြေငြာချက် ထွက်ပေါ်လာသည်နှင့် တိုက်ပွဲကွင်းပြင် တစ်ခုလုံး၊ အထူးသဖြင့် ခြောက်ထပ်မြောက်သည် ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

သူတို့ထဲမှ လူအများစုသည် ဓားပါရမီရှင်၏ အမှတ်စာရင်းကို စစ်ဆေးခဲ့ကြပြီး  အမှတ် (၂၀,၃၀၈) မှတ်ဖြင့် ဦးဆောင်သူစာရင်း၏ နံပါတ် (၃) ရှိနေကြောင်း မယုံကြည်နိုင်စရာ တွေ့လိုက်ရသည်။

“သူက အဆင့် (၃) မှာ ရှိနေပေမယ့် သရဖူ မဆောင်းတဲ့ ဘုရင်တစ်ပါးပဲ”

“ဓါးပါရမီရှင်က အစွမ်း ထက်လွန်းတယ် ယုမိုလီကိုတောင် အနိုင်ယူနိုင်တယ်”

“ယုမိုလီက ဓါးပါရမီရှင်ကို အနိုင်ယူဖို့ အခွင့်အရေးမရှိဘူးပါလို့ ပြောခဲ့တာ အမှန်တကယ် ဖြစ်လာခဲ့တယ်”

“ငါက ဒီတစ်ပွဲမှာ ယုမိုလီ အနိုင်ရမယ်လို့ ထင်ထားခဲ့တာ ဓါးပါရမီရှင်က ဒီလောက် အစွမ်းထက်နေတယ်ဆိုတာ မသိခဲ့ဘူး” .

..

ခြောက်ထပ်မြောက် သာမက အထပ်တိုင်းရှိ လူတိုင်းသည် ဓါးပါရမီရှင်
အကြောင်း ဆွေးနွေး နေကြသည်။ သူသည် တစ်နေ့ထဲတွင် ပွဲ (၆၀) ဆက်တိုက်မှ (၈၀) ဆက်တိုက်အထိ အနိုင် ရခဲ့သောကြောင့် ယခုအချိန်တွင် ဂန္ဓဝင်တစ်ခု ဖြစ်လာခဲ့သည်။

သူသည် ပွဲ (၉၀) ဆက်တိုက်အနိုင်ရခဲ့ပြီး ဒါသည် အဖွဲ့ခွဲ (၇) ကို တည်ထောင်ခဲ့သည့် အချိန်မှစလျှင် ဤကိစ္စကို အောင်မြင်ခဲ့သော တတိယမြောက် ပုဂ္ဂိုလ်ဖြစ်သည်။

အဖွဲ့ခွဲ (၇) တွင် ပွဲ (၉၀) ဆက်တိုက် အနိုင်ရခဲ့သော နောက်ဆုံးလူသည် လွန်ခဲ့သော နှစ်ပေါင်း (၁၈၆) နှစ်ကဖြစ်သည်။ ကိုးထပ်နှင့် အထက်တွင် ကစားနေကြသော သာလွန်လူသား အများစုသည် ဓါးပါရမီရှင် အကြောင်းကို စတင် ပြောဆိုလာကြသည်။

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံDove le storie prendono vita. Scoprilo ora