အခန်း(၅၇၁) - ငါတော့ ထိန်းချုပ်သူတွေကို အားကျနေပြီ။
လင်းဟွမ်သည် အခြားသူများ မမြင်နိုင်သော အဖြူရောင်မြား၏ ဦးတည်ရာအတိုင်း လိုက်လာစဉ် အဖြူရောင်မြှားသည် မီတာ (၂၀) ပင် မဝေးသော နေရာတွင် ပေါ်လိုက်ပျောက်လိုက်နှင့် တုန်ခါ နေသည်။ လင်းဟွမ်တို့သည် ပုံမှန်အမြန်နှုန်းကို ထိန်းထားပြီး နာရီဝက်ကျော်ကြာအောင် ပျံသန်း လာခဲ့ကြသည်။
လင်းဟွမ်နှင့် ကျန်သည့် လေးယောက်သည် မီတာရာပေါင်းများစွာ ဝေးသော နေရာအတွင်း၌ မည်သည့်သက်ရှိကိုမှ မတွေ့ရသဖြင့် ထူးဆန်း နေကြသည်။
သူတို့ငါးယောက်သည် လေထဲတွင် ပျံသန်းနေကြပြီး အဝတ်အစား လေတိုးသံမှအပ မည်သည့်အသံကိုမှ မကြားရပေ။
ပိုးကောင် အော်ဟစ်သံ သို့မဟုတ် ငှက်များ၏ အော်ဟစ်သံကိုပင် တစ်ချက်မျှ မကြားရချေ။ သူတို့သည် သေမင်းကမ္ဘာထဲ ရောက်နေသကဲ့သို့ ဖြစ်နေသည်။
“ဒီဟင်းလင်းပြင် အပျက်အစီးနေရာက ကြောက်စရာ ကောင်းတယ်လို့ မင်းတို့ကောင်တွေ မထင်ကြဘူးလား”
လီလန်က လင်းဟွမ်နှင့် ကျန်သည့်လူများကို ကြည့်ပြီး မေးလိုက်သဖြင့်
“ငါတို့တွေ အခုထိတော့ သက်ရှိသတ္တဝါတွေ မတွေ့ရသေးဘူး။ ထူးထူးခြားခြား တိတ်ဆိတ် နေတယ်”မကြာခင် ရီကျန်းက ပြန်ပြောလိုက်သည်။
“သယံဇာတတွေ ကုန်ခမ်းသွားပြီလား။ ဒါဆိုရင် ဒီဟင်းလင်းပြင် အပျက်အစီးထဲမှာ ရတနာတွေေ ရှာမတွေ့တော့ဘူးပေါ့”
ရီရီယွီက သူမ၏ထင်မြင်ချက်ကို ထုတ်ဖော် ပြောဆိုလိုက်ရာ
“မဖြစ်နိုင်ဘူး။ သယံဇာတ ကုန်ခမ်းသွားရင် ဟင်းလင်းပြင် အပျက်အစီး ပြိုကျသွားလိမ့်မယ်။ ခု ဒီဟင်းလင်းပြင် အပျက်အစီးက ပုံမှန်အတိုင်း လည်ပတ်နေသေးတယ်။ ဒါပေမယ့် သက်ရှိတွေရဲ့ သဲလွန်စ မတွေ့ရတာတော့ ထူးဆန်းတာပဲ”
လျန်ယုရှင်းက မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။
“အတွေး လွန်မနေကြနဲ့။ ကဲ ငါတို့ရဲ့ ပထမဦးဆုံး ဦးတည်ရာကို ရောက်တော့မယ်”
YOU ARE READING
မွန်းစတားတို့၏သုခဘုံ မြန္းစတားတို႔၏သုခဘုံ
AdventureUni & Zawgyi အပိုင်း ၁ မှ ၁၀၃၀.........