946------950

40 11 0
                                    

အခန်း(၉၄၆) - မိခင် ဘုရင်မ (၁၆) ကောင်…

ယနေ့၌ ကြယ်လမ်းစဉ် သစ်ပင် စစ်ဆေးရေးဂိတ် (၆၃) တွင် လူစည်ကားနေသည်။ ယခင်က ဤစစ်ဆေးရေးဂိတ်တွင် လူအနည်းငယ်သာ ရှိနေတတ်သည်။ တစ်နေ့လျှင် လိုင်းပေါ် တက်လာသော လူအရေအတွက်က (၈၀) ထက်ပင် နည်းပါးလေ့  ရှိ၏။

သို့သော်လည်း ယခုအချိန်တွင် မွန်းစတားများ အလုံးအရင်းနှင့် ကျူးကျော်လာသောကြောင့် လိုင်းပေါ်တွင် လူ (၄၀၀) ကျော်  ရှိနေသည်။

သာမန်အားဖြင့် မည်သူမှ မတိုက်ခိုက်ဘဲ တိတ်ဆိတ် နေတတ်သော စစ်ဆေးရေးဂိတ် (၆၃) သည် ယခုအခါ စည်ကား အသက်ဝင်နေသည်။

အဓိက အဖွဲ့အစည်းကြီးများက အလုံးအရင်းနှင့် ကျူးကျော်လာသော ပိုးကောင်အုပ်ကြီးနှင့် တိုက်ခိုက်ရန် အဖွဲ့များ ဖွဲ့နေကြသည်။

စစ်ဆေးရေးဂိတ် (၆၃) တွင် အဖွဲ့ဝင် အနည်းငယ်သာ ရှိသော အဖွဲ့လေးများ၏ အဖွဲ့ဝင်များကလည်း  အဖွဲ့များ   ဖွဲ့ကြသည်။

အလုံးအရင်းနှင့် ကျူးကျော်လာသော ပိုးကောင်အုပ်ကြီးကို ခုခံ တိုက်ခိုက်ရင်း ရာပေါင်းများစွာသော တန်ခိုးရှင်များ၏ အမှတ်သည် ကြယ်လမ်းစဉ် သစ်ပင်၏ ဦးဆောင်သူ စာရင်းပေါ်တွင် တစ်ဟုန်ထိုး မြင့်တက်လာသည်။

ကြယ်လမ်းစဉ် ဦးဆောင်သူ စာရင်းပေါ်ရှိ အဓိပ္ပာယ်မဲ့ ပြောင်းလဲနေသော အမှတ်များက အခြား စစ်ဆေးရေးဂိတ်က အဖွဲ့ဝင် အားလုံး၏ အာရုံကို ဖမ်းစားသွားခဲ့သည်။

စစ်ဆေးရေးဂိတ် (၆၃) တွင် မွန်းစတားများ အုပ်စုလိုက် ထွက်လာခြင်းက ရှားပါးကြောင်း သိထားသောကြောင့် လူရာပေါင်း များစွာ၏ အမှတ်များ တစ်ဟုန်ထိုး မြင့်တက်လာသည်ကို မြင်လျှင် အများစုက အလွန် အံ့အားသင့်နေကြသည်။

“ဒီလူတွေ ဘာလုပ်နေတာလဲ။ နေ့ခင်းဘက်မှာ ဘာဖြစ်လို့ အမှတ်တွေ ဒီလောက် တက်လာရတာလဲ”

“သူတို့ကို လင်းရှီ ပြောပြလိုက်တာ ဖြစ်နေမလား…”

“နေဦး… နေ့ခင်းမှာ သူတို့ရဲ့ အမှတ်တွေ တစ်ဟုန်ထိုး တက်လာတယ်။ ဒီလူတွေ လင်းရှီရဲ့ အမှတ်ရှာတဲ့ လျှို့ဝှက်ချက်ကို သိသွားလို့လား။ ငါလည်း အမှတ်ရအောင် လင်းရှီရဲ့ လျှို့ဝှက်ချက်ကို လိုချင်လိုက်တာ…”

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံDonde viven las historias. Descúbrelo ahora