631-------640

152 16 0
                                    

အခန်း(၆၃၁) - မင်းရဲ့ မနက်စာအတွက် သုံးကောင် ရောက်လာပြီ။

မနက် (၉) နာရီ ထိုးခါနီး…..

လက်မှတ်စစ်ရန် မိနစ်အနည်းငယ် လိုသောအခါ တန်းစီနေသော လူတန်းကြီး ပေါ်လာသည်။ အံ့သြစရာ ကောင်းသည်မှာ နှစ်တန်းခွဲ တန်းစီလျှင်ပင် လူပေါင်း
(၁၆၇) ယောက်  ရှိသေး၏။

လင်းဟွမ်သည် တန်းစီနေသော လူအုပ်ကို တစ်ချက် ကြည့်ပြီးနောက်  အဖွဲ့နှစ်
ဖွဲ့ ခရီးထွက်လာခြင်း ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ အဖွဲ့နှစ်ဖွဲ့လုံး၏
ခေါင်းဆောင်များမှာ အင်မော်တယ်အဆင့် ရှိကြပြီး အင်မော်တယ် အဆင့် (၃) သို့မဟုတ် အဆင့် (၄) ရှိနိုင်သည်။ သူတို့နှစ်ယောက်လုံးသည် အဖြူရောင် စာလုံးကြီး ရိုက်နှိပ်ထားသော အနီရောင်အလံကို ကိုင်ဆောင်ထားသည်။
(အသူရာ ချောက်ကမ်းပါးသို့ တစ်ရက်တာ ခရီးစဉ် …….)

သူတို့နောက်မှ  လိုက်ပါလာသော သန့်ရှင်း မီးလျှံအဆင့် လူငယ်များက
အချင်းချင်း စကား ပြောဆိုနေကြသည်။

‘တားမြစ် နယ်မြေကိုတောင် ခရီးသွားလုပ်ငန်းတွေ ချဲ့ထွင်နေပြီလား။ အဓိက
ဇုန်က လူတွေက တကယ့် ဉာဏ်ကြီးရှင်တွေပဲ..’

လင်းဟွမ်စိတ်ထဲမှ တွေးလိုက်မိပြီး နာရီကို ကြည့်လိုက်ရာ မနက် (၈) နာရီ
(၅၇) မိနစ် ရှိနေပြီ။ ထို့နောက် ကော်ဖီခွက်ကို အောက်ချလိုက်ပြီး လူတန်းရှိရာ
ကို ဖြည်းဖြည်းချင်း  လမ်းလျှောက် သွားလိုက်သည်။

လင်းဟွမ်ရှေ့တွင် လူငယ်တစ်ယောက် တန်းစီ နေသည်။ လင်းဟွမ်က သူ့နောက်မှ ဝင်တန်းစီသည်ကို တွေ့လိုက်လျှင်..

“ညီအစ်ကို။  မင်းက   ငါတို့  အဖွဲ့ထဲကလား.. ဘာဖြစ်လို့  မင်းကို  အခုမှ  တွေ့
ရတာလဲ..”

ထိုလူငယ်လေးက လင်းဟွမ်ကို စပ်စုလိုက်သည်။ ထိုလူငယ်မှာ  ခရီးသွား  အဖွဲ့
ဝင်တစ်ယောက်ပင် ။

“မဟုတ်ဘူး.. ငါ့ဘာသာငါ  ခရီးသွားမှာ”

လင်းဟွမ်က ခေါင်းခါလိုက်သည်။

“မင်းက ကြက်သွေးရောင် မီးလျှံအဆင့်ပဲ ရှိသေးတယ်လေ။ ဒါတောင် ကိုယ့်
ဘာသာကိုယ် အသူရာချောက်ကမ်းပါးထဲ ဝင်ဖို့လား။ သတ္တိကောင်း လှချည်
လား   ဒါမှမဟုတ်…..”

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now