81---90

260 29 0
                                    

Monster Paradise - မွန်းစတားတို့၏ သုခဘုံ
အခန်း(၈၁) – ဝူယု သစ်တောထဲမှ ထွက်ခွာခြင်း။

မြေပြင်ပေါ်တွင် လျန်ယုရှင်းသည် ဖြူဖပ်ဖြူရော် ဖြစ်နေသော မျက်နှာဖြင့် လှဲလျောင်းနေသည်။ အနက်ရောင် ဓားတစ်ချောင်းက သူမ၏ရင်ဘက်တွင် ထိုးစိုက်နေသည်။ သွေးများက သူမ၏အင်္ကျီတွင် သွေးများ စိုရွှဲနေပြီး ညာဘက်လက်ကောက်ဝတ်ရှိ သွေးလွှတ်ကြောမှ သွေးထွက်နေခြင်းသည် မရပ်တန့်တော့ပေ။ သူမသည် သွေးအိုင်ထဲတွင် လှဲလျောင်းနေသည်။

“ရှောင်ဖိန်၊ ဓားကို အရင်ဖယ်ရမလား။ ဒါမှမဟုတ် ကုသရေးကတ်ကို တန်းသုံးရမလား..”

လင်းဟွမ်က မေးလိုက်သည်။

ဓါးကို ဖယ်လိုက်ပါက သွေးထွက်မှု ပိုများ လာမည်ကို စိုးရိမ်နေသည်။ လျန်ယုရှင်း၏ ယခုလက်ရှိ အခြေအနေသည် ထိုကဲ့သို့ ဖြစ်သွားပါက စက္ကန့်ပိုင်းအတွင်း သေဆုံးသွားနိုင်သည်။

“ကုသရေးကတ်ကို တိုက်ရိုက် အသုံးပြုနိုင်တယ်။ ကုသတဲ့ ဖြစ်စဉ်အတွင်းမှာ ဒဏ်ရာရစေတဲ့ အရာဝတ္ထုတွေကို သူမ ခန္ဓာကိုယ်ကနေ အလိုလို ဖယ်ရှားပေးလိမ့်မယ်”

ရှောင်ဖိန်က ရှင်းပြသည်။

လင်းဟွမ်သည် ရှောင်ဖိန်၏ စကားကို ကြားလိုက်လျှင် အနည်းငယ်
စိတ်သက်သာရာ ရသွားသည်။

“ဒါဆို သူမအတွက် ကုသရေးကတ်သုံးမယ်..”

လင်းဟွမ် ခန္ဓာကိုယ်မှ အဖြူရောင် အလင်းတန်းတစ်ခု ထွက်လာပြီး လျန်ယု
ရှင်း၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။ မကြာခင် သူမ၏ဒဏ်ရာမှ သွေးများရပ်တန့်သွားပြီး သူမ ခန္ဓာကိုယ်ထဲသို့ စိုက်ဝင်နေသော အနက်ရောင် ဓါး
သည် မမြင်နိုင်သော စွမ်းအားကြောင့် ဖြည်းညင်းစွာ ဖယ်ရှားခံရသကဲ့သို့
အပြင်သို့ ပြန်ထွက်လာသည်။

“ကောင်မလေး၊ မင်းကြောင့် အသွင်ပြောင်းကတ် နှစ်ကတ်နဲ့ ကုသရေးကတ်နှစ်ခု သုံးခဲ့ရပြီ။ ကျေးဇူးပြုပြီး ငါ့အတွက် နောက်ထပ် ပြဿနာတွေ မဖန်တီးပါနဲ့တော့”

လင်းဟွမ်သည် ကျယ်လောင်စွာ အော်ပြောရင်း သွေးစုပ်ဖုတ်ကောင်ပုံစံမှ မူလပုံစံသို့ ပြောင်းလဲ လိုက်သည်။ ကုသမှုခံယူနေသော လျန်ယုရှင်းကို
စိုးရိမ်တကြီး စောင့်ကြည့်နေခဲ့သည်။

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now