421--------430

196 21 0
                                    

အခန်း(၄၂၁) - ဦးစားပေး

အရိပ်မြေသည် မွန်းစတားများ စိုးမိုးထားသော မြို့တစ်မြို့ပင် ။ မိုးမျှော်တိုက်များ၊ အိမ်များနှင့် မြေအောက်အခန်းများ၌ မွန်းစတားများ ပြည့်နှက် နေသည်။ မွန်းစတားထဲမှ တော်တော်များများသည် လူသားများ ပြုလုပ်ထားသော လမ်းကြောင်းအတိုင်း လျှောက်သွားနေကြသည်။

ဘေးကင်းဇုန်ထဲရှိ ဝပ်ကျင်းများထဲသို့ မွန်းစတားများ အလုံးအရင်းနှင့် ကျူးကျော်လာသည့်အခါမှသာ ထိုကဲ့သို့ မြင်ကွင်းမျိုးကို မြင်တွေ့ နိုင်လိမ့်မည်။ မွန်းစတားများက သူတို့ကိုယ်သူတို့ ဤမြို့၏ ပိုင်ရှင်အဖြစ် သဘောထား  နေကြသကဲ့သို့ပင်။

အချို့က မီးလုံးများ၊ မီးချောင်းများ မပျက်စေရန် အဆောက်အဦးအချို့ကိုပင် ရှောင်ရှား၍ သွားလာ နေကြသည်။ မွန်းစတားများသည် ပျော့ပျောင်းပြီး နေရောင်ကဲ့သို့ မျက်လုံး မထိခိုက်စေသည့် မီးလုံး အလင်းရောင်များကို အမှန်တကယ် နှစ်ခြိုက် သဘောကျ  နေပုံရသည်။

လမ်းဘေး တစ်ဖက်တစ်ချက်၌ အမြင့်မတူသော အဆောက်အဦးများရှိကာ အစိတ်အပိုင်း အများစုကို အပင်များ   ဖုံးလွှမ်းနေပြီး  အစိတ်အပိုင်းအချို့က လုံးဝ ပျက်စီးနေသည်။ ဒါသည် အချိန်တိုက်စားခြင်း နမိတ်တစ်ခုပင်။ လမ်းပေါ်တွင် စွန့်ပစ်ထားသော ကားများ ရှိသော်လည်း အချိန်ကာလ ကြာညောင်းနေပြီး ဖြစ်သဖြင့် အခွံသာ ကျန်တော့သည်။

“အစ်ကို  ဒီသံ အခွံတွေက ဘာတွေလဲ”

လင်ရှင်သည် အစိမ်းရောင် ဝံပုလွေကို စီးနေရင်း မေးလိုက်လျှင်

“ရှေးခေတ်အချိန်က အသုံးပြုတဲ့ သယ်ယူ ပို့ဆောင်ရေးယာဉ်တွေ ဖြစ်နိုင်တယ်”

လင်းဟွမ်သည်  ဤကမ္ဘာ၌   ကားအဟောင်းများ ရှိ၊ မရှိ မသေချာသဖြင့် သယ်ယူ ပို့ဆောင်ရေးယာဉ်ဟုသာ  သုံးနှုန်းလိုက်သည်။

“သယ်ယူပို့ဆောင်ရေး အတွက်လား။ ရုပ်ဆိုးလိုက်တယ်နော်”

လင်းရှင်သည် ဆယ်စုနှစ်တစ်လျှောက် ကျိုးပဲ့၍ တိုက်စားနေခဲ့သော ကားအခွံများကို ကြည့်နေသည်။ သံချေးတက်နေသော သံမဏိ သတ္တုတုံးများက အမှန်တကယ်ပင်  ရုပ်ဆိုးလှသည်။

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံOnde histórias criam vida. Descubra agora