အခန်း(၆၁၁) - လွန်ခဲ့သော နှစ်ပေါင်း (၈၀၀) က အဖြစ်အပျက်။
“မငြိမ်မသက် မဖြစ်စေချင်လို့ ငါတို့က လိမ်ညာခဲ့ပြီး ကျူးကျော်လာတဲ့ ပရိုတို့စ်တွေကို သတ်ပစ်ခဲ့တယ်လို့ လူတိုင်းကို ပြောခဲ့တယ်။ အမှန်တကယ်တော့ ကျူးကျော်လာတဲ့ လူတွေက တကယ့် ပရိုတို့စ်တွေ မဟုတ်ဘူး။ နတ်ဘုရား ကျေးကျွန်တွေပဲ။ ဒါပေမယ့် စိတ်ပျက်ဖို့ ကောင်းတာက ငါတို့တွေက နတ်ဘုရား ကျေးကျွန်တွေကိုတောင် မသတ်နိုင်ခဲ့တာပဲ”
မစ္စတာဖူးသည် အတိတ်အကြောင်း ပြန်ပြောနေရင်း သူ့မျက်နှာပြင်ပေါ်တွင်
နောင်တရနေသော အမူအရာ ပေါ်လာသည်။“ပရိုတို့စ်တွေက တကယ်ပဲ အစွမ်းထက်တာလား”
လင်းဟွမ်သည် ရွှယ်လောထံမှ ပရိုတို့စ်များ အကြောင်းကို ကြားဖူးခဲ့ရ
သော်လည်း သူမက ထိုအကြောင်းနှင့် ပက်သက်၍ အများကြီး မပြောခဲ့ပေ။“အစစ်အမှန် ပရိုတို့စ်တွေနဲ့ ပတ်သက်ရင် ငါတို့ရဲ့ နားလည်မှုက အကန့်အသတ်
ရှိတယ်။ သူတို့တွေက အစစ်အမှန် နတ်ဘုရား ဒါမှမဟုတ် အဲ့ဒီထက်မြင့်တဲ့
သွေးမျိုးဆက်တွေ ရှိကြတယ်။ နောက်ပြီးတော့ သူတို့က အရွယ် ရောက်လာ
တဲ့အချိန်မှာ အတုယောင် နတ်ဘုရား ဖြစ်တဲ့အထိ အလိုလို အဆင့်တက်သွား
တယ်။ သူတို့တွေက အတုယောင် နတ်ဘုရား ဖြစ်နေရင်တောင် သူတို့ရဲ့
တိုက်ခိုက်ရေးအစွမ်းက အစစ်အမှန် နတ်ဘုရားနဲ့တောင် ယှဉ်နိုင်တယ်”“ပရိုတို့စ်တွေရဲ့ ကိုယ်ရံတော်ဖြစ်တဲ့ နတ်ဘုရား ကျေးကျွန်တွေထဲမှာ အနည်းစု
က အနည်းဆုံး အဆင့်တောင် လူသားပါရမီရှင် တစ်ယောက်ရဲ့ စွမ်းရည်တွေ
ပိုင်ဆိုင်တယ်။ သူတို့က ပရိုတို့စ်တွေထဲမှာဆို အဆင့်မြင့်တဲ့ အစေခံ အဆင့်
လောက်ပဲ ရှိသေးတယ်။ အဲ့ဒီအချိန်က နတ်ဘုရား လက်အောက်ခံတွေက
သာမန်စွမ်းရည်သာ ရှိတယ် ဆိုပေမယ့် သူတို့ရဲ့ တိုက်ပွဲဝင်စွမ်းရည်က မြင့်မား
တယ်။ ဒါတောင် သူတို့က နိမ့်ကျတဲ့အလုပ်တွေ လုပ်ရတဲ့ ပရိုတို့စ်တွေရဲ့
အဆင့်နိမ့် အစေခံလို့ပဲ သတ်မှတ် ထားတာ။ ပရိုတို့စ်တွေဆီမှာ အနည်းဆုံး
နတ်ဘုရား ကျေးကျွန် နှစ်ယောက်နဲ့ နတ်ဘုရား လက်အောက်ခံ နှစ်ဆယ်လောက် ရှိတယ်လို့ ကြားရတယ်။ တကယ့်ကို အစွမ်းထက်တဲ့ စစ်တပ်ပဲ… “
YOU ARE READING
မွန်းစတားတို့၏သုခဘုံ မြန္းစတားတို႔၏သုခဘုံ
AdventureUni & Zawgyi အပိုင်း ၁ မှ ၁၀၃၀.........