761-------770

168 22 0
                                    

အခန်း(၇၆၁) - ခန္ဓာကိုယ် အစစ်အမှန် ဖော်ပြခြင်း။

”ဘာဖြစ်လို့  အသက် ရှင်နေသေးတာလဲ”

လင်းဟွမ် အံ့ဩသင့်နေသည်။ လင်းဟွမ်သည် မြင့်မြတ် ပြန်လည်ကုသရေး စွမ်းရည်ကို ပိုင်ဆိုင် ထားသော်လည်း သူ့ခန္ဓာကိုယ် တစ်ခုလုံးသာ အမှုန် အမွှားဖြစ်သွားပါက သေချာပေါက်  သေလိမ့်မည်။

“သူ့ရဲ့ စွမ်းရည်က ပြန်လည်ရှင်သန်ခြင်း စွမ်းရည် မဟုတ်ဘူးလို့  တစ်နည်းနည်းတော့  ခံစားရတယ်”

လင်းဟွမ်၏ အင်္ကျီလက်စအောက်တွင် ပုန်းနေသော သွေးရဲရဲလေးက  ရုတ်တရက်  ပြောလိုက်သည်။

“သတ်ပြီးတိုင်း နောက်ထပ် ခန္ဓာကိုယ်တစ်ခု ရဖို့ လုပ်ရမှာပဲ။ သူ့အဝတ်အစားနဲ့ အရာအားလုံး မီးလောင် ပြာကျသွားပေမယ့် ကျန်တဲ့ အဝတ်အစားတွေပေါ်မှာ သက်ရောက်မှု မရှိဘူး။ အဝတ်အစား တစ်ခုကနေနောက်တစ်ခု ပြောင်းဝတ်သလိုပဲ။ ခန္ဓာကိုယ်တစ်ခုလုံး ရစရာ မရှိအောင် ပျက်ဆီး သွားပေမယ့် တစ်ခြား ခန္ဓာကိုယ်တစ်ခုကို ပြောင်းလဲ နိုင်တယ်”

သွေးရဲရဲလေး၏ စကားက လင်းဟွမ်အတွက် လမ်းစဖြစ်သွားသည်။ ငရဲဝိညာဉ်က ပြန်လည် ရှင်သန်နိုင်သော စွမ်းရည်ကို ပိုင်ဆိုင်ထားသည်ဟု ထင်ခဲ့ဖူးသည်။ ထို့ကြောင့် ခေါင်းခြောက်ခံ စဉ်းစား၍ ခန္ဓာကိုယ် အစိတ်အပိုင်း အားလုံး ပြိုကွဲအောင် လုပ်နိုင်မည့်  နည်းလမ်းများကို အသုံးပြုခဲ့သည်။

သွေးရဲရဲလေး၏ ရှင်းပြမှုကို နားထောင်ပြီးနောက် သူ၏အင်အားကို ဖြုန်းတီးစရာ မလိုကြောင်း သိလိုက်သည်။ ခန္ဓာကိုယ် ပျက်ဆီးသွားလည်း အခြား ခန္ဓာကိုယ်တစ်ခုထဲ ပြောင်းပြီး ပြန်လည် ရှင်သန်နေအုံးမည်သာ…..

“ဒါဆိုရင် အပိုင်းပိုင်း ဖြတ်သတ်ဖို့အတွက် ငါ့ရဲ့ ကံကြမ္မာစွမ်းအားကို အလကား ဖြုန်းတီးနေစရာ မလိုဘူးပေါ့”

လင်းဟွမ်သည် ကမ္ဘာသန့်စင်ခြင်း ဓါးကွက်က ကံကြမ္မာစွမ်းအားများကို အင်မတန် စားသုံးသောကြောင့် စိတ်သက်သာရာ  ရသွားသည်။

အနက်ရောင် မြူခိုးများ နောက်တစ်ကြိမ် ဖွဲ့စည်းလာပြီးနောက် ပေါက်ကွဲမှု ဖြစ်ခဲ့သည့်နေရာတွင် အန္တရာယ် မရှိတော့ကြောင်း အတည်ပြုလိုက်သည်။
ထို့နောက် လင်းဟွမ်သည် အမှောင်ထုကြေးမုံကို ပြန်သိမ်းပြီး အနက်ရောင် မြူခိုးဘေးတွင် ဖြတ်ခနဲ ပေါ်လာသည်။

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now