451------460

157 14 0
                                    

အခန်း(၄၅၁) - ချင်းထိုက်ရှင်း။

လင်းဟွမ်သည် ကျန်းရှီ၏ ကြယ်တစ်ပွင့် ဓါးဓါတ်ကြွင်းကို ချိုးဖျက်ရုံသာမက ကြယ်တစ်ပွင့် ချပ်ဝတ်တန်ဆာကိုလည်း ဖြတ်တောက်ခဲ့သေးသည်။ အဖြူရောင် မီးလျှံအဆင့်ပင် ဤကဲ့သို့ မလုပ်ဆောင်နိုင်ကြောင်း ကျန်းရှီ ကောင်းကောင်း သိနေသည်။

ကြက်သွေးရောင် မီးလျှံအဆင့် ရောက်နေသူပင် လုပ်နိုင်လိမ့်မည် မဟုတ်ချေ။ ဤကဲ့သို့ ထိပ်တိုက်တွေ့ဆုံမှုအပြီး၌ သူစိတ်လွတ်သွားပြီး သူ့ခေါင်းထဲ၌ သတင်း အချက်အလက်မျိုးစုံ ပေါ်လာသည်။

ရုတ်တရက်ဆိုသလို သူက မျက်လုံးရှိပါလျက်နှင့် မမြင်နိုင်သည့် လူတစ်ယောက် ဖြစ်ကြောင်း သဘောပေါက်သွားသည်။ နောက်ဆုံး၌ လုမင်က လင်းဟွမ်ကို  လူသစ်လေး   ဖြစ်လင့်ကစား ဘာကြောင့်   တန်းခွဲ (၁) တွင် သင်ခိုင်းရန် အဆိုပြုခဲ့လဲ  ဆိုသည်ကို  သိသွားသည်။

ဤတိုက်ပွဲအတွင်းတွင် လင်းဟွမ်ဘက်မှ ကြောက်ရွံ့မှု တစ်စုံတစ်ရာမျှ မရှိခဲ့ပေ။ အတန်းသင်ရမည့် အချိန်ကို ရောက်ရှိရန် သုံးမိနစ်အလိုတွင် သူနှင့် တိုက်ခိုက်ရန် ရွေးချယ်ခဲ့သည်မှာ မဆန်းတော့ချေ။  ရုံးခန်းထဲတွင် သူ့အဖိုးက လင်းဟွမ်ကို ကြောက်ရွံ့နေသည့်ပုံ ပေါက်နေသည်မှာလည်း  မဆန်းတော့ချေ။

ကျန်းရှီသည် ကြောက်စရာကောင်းအောင် ဒေါသကြီးသော်လည်း တုံးအသူ မဟုတ်ချေ။ သူ၏အကာအကွယ် ဓါတ်ကြွင်းပေါ်မှ အက်ကွဲကြောင်းကို ကြည့်ပြီးနောက် လင်းဟွမ်က ပါရမီရှင် တစ်ယောက်ဖြစ်ပြီး သူ့ကို တစ်ချက်တည်းနှင့် သတ်ဖြတ် နိုင်ကြောင်း သိနေသည်။

လွန်ခဲ့သော စက္ကန့်ပိုင်းက ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို ပြန်တွေးပြီးနောက် လည်ပင်း တောင့်တင်းလာသည်။

“ဒါက ဘာ ဖြစ်နေတာလဲ။ ဘာဖြစ်လို့ တံခါးအဝမှာ လူအုံနေတာလဲ”

ရုံးခန်း အပေါက်ဝမှ အသံတစ်ခု ထွက်ပေါ်လာပြီး ဆရာများက ထိုလူဝင်ရောက်နိုင်ရန် လမ်းကြောင်း ဖွင့်ပေးလိုက်သည်။  မုတ်ဆိတ်မွှေးများရှိပြီး ကျစ်ဆံမြီး ကျစ်ထားသော ယောကျာ်းတစ်ယောက် ဝင်လာသည်။ ကျန်းရှီထက်ပင် အရပ် ပိုရှည်ကာ အပေါ်တွင် အဖြူရောင်၊ အောက်တွင် အနက်ရောင် ရှိသော  စစ်သူရဲကောင်းဝတ်စုံကို  ဝတ်ဆင်ထားသည်။

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now