481--------490

150 15 0
                                    

အခန်း(၄၈၁) - ‌ကျောင်းသားရေးရာ အရာရှိထံမှ အရေးတကြီး ရောက်လာသော သတင်း။

လင်းရှင်တို့အဖွဲ့သည် အကောင်းဆုံး အဖွဲ့များထဲမှ တစ်ဖွဲ့ ဖြစ်သည်။ သူတို့သည် အောက်ခြေအဆင့်ရှိ မွန်းစတားများကို အလွယ်တကူ အနိုင်ယူနိုင်သည်။ သို့သော်လည်း အသားစား စစ်သည်တော်နှင့် တိုက်ပွဲတွင် သူတို့၏ စွမ်းဆောင်ရည်မှာ တော်တော်လေး ညံ့ဖျင်းခဲ့ပြီး မွန်းစတား၏ အားနည်းချက်ကို သိရှိနားလည်ခြင်း လုံးဝ မရှိသလို တိုင်ပွဲ အတွေ့အကြုံလည်း အားနည်းလှ၏။

အသားစား စစ်သည်တော်၏ ခြေထောက်များသည် ချပ်ဝတ်တန်ဆာ တပ်ဆင် ထားခြင်း မရှိပေ။ ထို့အပြင် ဒူးခေါင်းရှိအရွတ်သည် တော်တော်လေး ပျော့ပြောင်းသည်။ ဒူးခေါင်း အစိတ်အပိုင်း တစ်ခုခုကို တိုက်ခိုက်လိုက်ပါက လှုပ်ရှားနိုင်စွမ်း ဆုံးရှုံးသွားလိမ့်မည်။ ၎င်း၏ အရွတ်များ ထိခိုက်ဒဏ်ရာ ရသွားသည်နှင့် ၎င်း၏ပေါင်အတွင်းရှိ အကြောများကို တိုက်ခိုက် နိုင်သည်။ အခြေခံအားဖြင့် အသားစား စစ်သည်တော်၏ ပင်မသွေးလွှတ်ကြောကို ဖြတ်တောက်လိုက်ပါက အသက် ရှင်နိုင်တော့မည် မဟုတ်ချေ။

မျက်လုံးနှင့် ပါးစပ်ကလည်း အားနည်းချက်တစ်ခု ဆိုသည်မှာ သိသာထင်ရှားသည်။ သို့သော်လည်း လင်းရှင်သည် မွန်းစတား မျက်စိကန်းရုံမျှသာ လိုအပ်သည်ဟု ထင်နေခဲ့ပြီး ထိုအချက်ကို နားမလည်ခဲ့ပေ။ အမှန်တကယ်ဆို သူမသည် မျက်လုံးကို ဆက်တိုက် ပစ်ခတ်နေမည့် အစား ဟိန်းဟောက်သည့် အချိန်၌ ပါးစပ်ထဲ ပစ်သွင်း ခဲ့သင့်သည်။ သို့မဟုတ် နှာခေါင်း နားရွက်များကိုပင် ပစ်ခတ်နိုင်သည်။

လင်းဟွမ်သည် ခေါင်းခါပြီးနောက် လင်းရှင်အဖွဲ့ မှနေ၍ ဆေဘာတာအိုဌာနသို့ အာရုံ ပြောင်းသွားသည်။ ဆရာအများစုသည် ဆေဘာ တာအိုတန်းခွဲ (၁) မှ မုရှောင်ကို အာရုံ စိုက်နေကြပြီး မုရှောင်က ရည်မှန်းချက် ကြီးသည်မှာ ထင်ရှားသည်။

သူကိုယ်တိုင်က ကြေးအဆင့် (၁) ဖြစ်နေသည့်အပြင် အသင်းအဖော် နှစ်ယောက်ကလည်း သံအဆင့် (၂) ဖြစ်ကြပြီး ကျန်အသင်းဖော် နှစ်ယောက်မှာ သံအဆင့် (၃) ဖြစ်ကြသည်။ သံသယရှိစရာမလိုပဲ ထိုအဖွဲ့သည် ပထမနှစ် အဖွဲ့များအားလုံးထဲတွင် ကြောက်စရာ ကောင်းအောင် အသန်မာဆုံးအဖွဲ့ပင် ။ သူတို့သည် တွေ့ကြုံခဲ့ရသော မွန်းစတားအားလုံးကို ချေမှုန်း နိုင်ခဲ့သည့်အတွက် လက်တွေ့ အမှန်တရားမှာလည်း သန်မာနေ၏။

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWaar verhalen tot leven komen. Ontdek het nu